စိတ်ပူစရာတွေကြောင့် အိပ်မပျော်နိုင်တဲ့ညတွေမှာ
ကောင်းကင်ကြီးကို တိုင်တည်ပြီး ကတိတွေပေးခဲ့တယ်။မင်းရဲ့လက်ကို ဘယ်တော့မှမလွတ်တော့ဘူးဆိုတဲ့
ကတိကိုပေါ့ ။---------------------------
သက်ပြင်းတွေ ခဏခဏချနေတဲ့ ဘတ်ဟျွန်းကို ဂီဆွန်း
က မကြာခဏ လှည့်ကြည့်လာတတ်သည် ။ စိတ်ပူစရာ
တွေ ပြည့်နှက်နေသယောင် မလန်းဆန်းတဲ့ မျက်နှာရိပ်
နဲ့ ဘတ်ဟျွန်းက အလုပ်တွေကို စိတ်မပါလက်မပါလုပ်
နေခဲ့တယ် ။ မကြာခဏဆိုသလို ဖုန်းကိုဖွင့်ပြီး ကြည့်
နေတတ်ပြီး စာရိုက်လိုက် ၊ ပို့ခါနီးမှ ပြန်ဖျက်ပစ်လိုက်
နဲ့ တဖက်ကလူ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်နေသ
ယောင်ပဲ ။ ကိုယ်တိုင်ကိုယ်ကျကလဲ စိတ်ပူပင်နေခဲ့၏။ဒီနေ့နေ့လည် စီနီယာတွေနဲ့အတူ ဘတ်ဟျွန်းက ကော်ဖီဆိုင်ကို အတူလိုက်သွားခဲ့တယ် ။ မြင်တွေ့ချင်နေ
တဲ့ တစုံတယောက်ရဲ့ မျက်နှာလေးကို ကြည့်ချင်ပြီး ၊
အခြေအနေကို သိချင်၏ ။ အဆင်မှပြေရဲ့လား အတွေး
တွေက ပြည့်နှက်နေလွန်းလို့ သူ စိတ်မအေးနိုင်ဖြစ်ရ
သည် ။ သူနဲ့ထပ်တူ ခံစားပြီး ပူပန်နေရတာတွေကလဲ
သိပ်ချစ်လို့ဖြစ်ပေါ်နေရတာတွေပါပဲ ။ သူ တခုခုဖြစ်နေ
ရင် ကိုယ်ဖြစ်နေသလို ထပ်တူခံစားရပါတယ် ။ကော်ဖီဆိုင်ထဲရောက်တော့ မျက်လုံးတွေကို ဆိုင်တွင်း
ထဲဝေ့ကြည့်ကာ ရှာဖွေနေမိသည် ။ အရိပ်အခြေတောင်
မတွေ့မိတာမို့ စိတ်တွေလှုပ်ရှားလာပြီး မငြိမ်မသက်
အထိ ဖြစ်လာရတော့သည် ။ စီနီယာတွေရဲ့ စကားဝိုင်း
ထဲ ဝင်မပါနိုင်ဘဲ တယောက်ထဲကွဲထွက်ကာ မျက်လုံး
တွေက အသည်းအသန် ရှာဖွေနေမိတော့သည် ။အနားက ဖြတ်သွားတဲ့ ဂျုံအင်ကိုမြင်တော့ ကျွန်တော်
ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ လှမ်းခေါ်လိုက်မိသည် ။" ဂျုံအင် "
စိုးရိမ်တကြီးဖြစ်နေပြီး တစုံတရာကိုမေးချင်နေမှန်းသိ
သာတဲ့ ကျွန်တော့်မျက်လုံးတွေကို ဂျုံအင်နားလည်၏ ။
![](https://img.wattpad.com/cover/184480288-288-k241710.jpg)