|| FOR ||

6.4K 1.1K 122
                                    


ဘတ်ဟျွန်းတို့ အတန်းထဲက ကောင်မလေး တစ်
ယောက်က ဘတ်ဟျွန်းကို သဘောကျနေတယ်တဲ့ ။

အတန်းဖော်တယောက်က ပြန်ပြောပြထားတာမို့ ဒီ အ
ကြောင်းကို ဘတ်ဟျွန်းက သိနေပေမဲ့ တဖက်သတ်
သဘောကျရတဲ့ ခံစားချက်ကို သိတဲ့အတွက်ကြောင့်
အဲ့ဒီကောင်မလေးကို  ဘတ်ဟျွန်းက အကြည့်ချင်းဆုံ
မိသွားရင်တောင်  အများကြီး လစ်လျစ်ရှူ့ ပြီး ခံစားရ
အောင်  မလုပ်ချင်ဘူး ။  နူတ်ဆက်သင့်ရင် နူတ်ဆက်
လိုက်ပြီး  ပြုံးပြသင့်ရင် ပြုံးပြလိုက်တယ် ။ ကိုယ်က သိ
နေတာကို  အဲ့ဒီကောင်မလေး သိသွားမှာကို မလို
လားဘူး ။ ရှက်ဖို့ကောင်းတဲ့ ခံစားချက်ကို ဘတ်ဟျွန်း
လဲ  ကြောက်တယ် ။

တစုံတယောက်ကို  တိတ်တခိုး တဖက်သတ် သဘော
ကျရတာက ကျွန်တော်တို့ အများကြီး နာကျင်ရတယ် ။

အတန်းဖော်က မေးတယ် ။ ဒီကောင်မလေးကို ပြန်
ကြိုက်လို့ မင်း ဒီလို ပြုံးပြဖို့ သတ္တိရှိနေတာလားတဲ့ ။ ဒီ
အတိုင်း  ပြုံးပြလိုက်ရုံမှာ  ကျွန်တော်တို့က ပျော်ရွှင်မှု
ကို ရရှိလိုက်တာကို သူတို့က မသိကြဘူး ။ ကျွန်တော်
ဆို ချန်းယောလ်နဲ့ အကြည့်ချင်းလေးဆုံမိရင်တောင်
ပျော်ရွှင်မှုတွေနဲ့ ရင်ခုန်ရတာ သိပ်ပြီးပြည့်စုံတယ် ။သူ့
ဘက်က မျှော်လင့်ချက် ပေးနေတာမျိုး အပြုအမှုတွေ
မလုပ်ပေမဲ့ ကျွန်တော်တို့က ရင်ခုန်သံတွေနဲ့ ပျော်စရာ
တွေ ရှာဖွေကြည့်ကြတယ် ။

ချန်းယောလ်က ကျွန်တော့်ကို စကားပြောတယ် ဆိုတဲ့
အချက်လေးတချက်နဲ့တင် ကျွန်တော်က သူငယ်ချင်း
တွေကို  ကြွားလုံးထုတ်မဆုံး ၊ ညအိပ်ယာဝင်တဲ့အထိ
တသိမ့်သိမ့် ရင်ခုန်လို့ ကောင်းနေတုန်းပဲ ။ သူ က
တခြားတယောက်အတွက် ရည်ရွယ်တာမျိုးလေးတွေ
တွေ့လာရရင်  ကျွန်တော်ရဲ့ ပျော်ရွှင်မှုတွေက အောက်
အထိထိုးကျသွားပြီး  ပျောက်ဆုံးသွားတယ် ။

အကိုမင်ဟော့က ပြောတယ် ။ မနေ့ညနေက ချန်း
ယောလ်က အဖြူစွတ်စွတ် တီရှပ်ပွပွ နဲ့ အပြာနုရောင်
ဂျင်းဘောင်းဘီကို  ဝတ်ထားတယ်တဲ့ ။ ကျွန်တော့် စုံ
စမ်းမှုတွေက သူ ဘာအရောင် အင်္ကျီ ဝတ်ထားသလဲ
ဆိုတာက အစ,ပါတယ် ။ ဒီမနက်တော့ ချန်းယောလ်
က အိပ်ရာထ နောက်ကျလို့ ကျောင်းကို နောက်ကျမှ
ထသွားရတယ်တဲ့  ။ ဒီလိုပုံစံလေးကို ကိုယ်တိုင် တပ်
အပ်သာ မြင်လိုက်ချင်တယ် ။ အပြေးထွက်သွားတာ
အိမ်အဝမှာ ခလုတ်တိုက်ပြီး  ချော်လဲသေးတယ်တဲ့ ။

Sweet Memories With HimWhere stories live. Discover now