| | THAN | |

6.8K 1.3K 115
                                    


ဘတ်စ်ကားပေါ်မှာ  ဘေးချင်းကပ်ထိုင်နေကြပြီး ကျွန်
တော်တွေက တယောက်နဲ့တယောက် မသိမသာ ခိုး
ကြည့်နေမိပြီး  ကိုးရိုးကားယား  အခြေအနေတွေဖြစ်
နေကြသည်  ။  ရံဖန်ရံခါ ပုခုံးတွေတွန်းတိုက်  ထိကပ်မိ
သွားတိုင်း   တယောက်နဲ့တယောက်  အကြည့်ချင်းဆုံမိ
ကြပြီး   စိတ်လှုပ်ရှားကာ  ပြုံးပြလိုက်မိတယ် ။ အမြန်အ
ဆန်ပဲ   အကြည့်တွေပြန်လွှဲကာ  အကြောင်းမရှိ အပြင်
ဘက်ကို   ကားမှန်ကနေတဆင့်  ငေးနေမိသည်  ။

ရုတ်တရတ်ပေါင်ပေါ်ကအိတ်ပေါ်တင်ထားတဲ့ ဖုန်းလေး
က ပြုတ်ကျသွားတော့  ကောက်ယူဖို့ ခေါင်းကိုအငုံ့ ကျွန်
တော့်ထက်အရင်  ဖုန်းလေးကို ကောက်ယူပေးတဲ့သူ ။

"  ကိုယ်  ကောက်ပေးပါမယ် " တဲ့ ။  ကမ်းပေးလာတဲ့
သူ့လက်ထဲက ဖုန်းလေးကို ယူကာ ပြုံးပြမိတဲ့အခါ သူ့ရဲ့
ပါးချိုင့်နက်နက်အပြုံးတွေကို  မြင်တော့  ပရမ်းပတာ
ခုန်ပေါက်လာတဲ့  နှလုံးသားကြောင့်  အမြန် ခေါင်းကို
ပြန်တည့်လိုက်ရတော့သည်  ။

ကိုးရိုးကားယားဖြစ်သွားတဲ့အခါ ၊ ခေါင်းငုံ့လို့ ပြုံးလိုက်တဲ့
အခါ ၊  ကိုယ့်ကို  အဲ့ဒီမျက်လုံးလေးတွေနဲ့ ကြည့်လာတဲ့
အခါ   ၊  မင်းနဲ့ပတ်သက်ရင်  အသေးစိတ်လေးတွေက
အစ သဘောကျလွန်းပြီးအရာအားလုံးက ကိုယ့်အတွက်
ရင်သပ်ရှူမောဖွယ်ပါပဲ  ။ 

တဖြေးဖြေး နီးကပ်လာတဲ့  ကိုယ့်တို့နှစ်ဦးရဲ့အကွာအ
ဝေးကို  ကိုယ်က ခြုံ့နိုင်အောင်  ကြိုးစားပါ့မယ် ။ မင်းက
တစ်လှမ်းလောက်ပဲ  လှမ်းပေးဖို့တောင် ကိုယ်မတောင်း
ဆိုပါဘူး  ။ မင်းက ဒီအတိုင်းလေး  ခြေစုံရပ်နေမယ်ဆို
ရင်တောင်  ကိုယ်က အပြေးလာခဲ့ပါမယ် ။ ယုံယုံကြည်
ကြည်နဲ့ ကိုယ့်ကိုစောင့်နေပေးမယ်ဆိုရင်  အ
ရောက်လာဖို့ က ကိုယ့်တာဝန်ထားပါ  ။

"  ဘာပဲလုပ်လုပ်  ဘတ်ဟျွန်းနီဆီက ခွင့်တောင်းနေ
မယ်ဆိုရင်  စိတ်ဆိုးမှာလားဟင်  "

အကြည့်ချင်းဆုံသွားတဲ့ခဏ ။  အနေရခက်သွားတဲ့ ပုံစံ
လေးနဲ့ အကြည့်တွေက ဂနာမငြိမ်လေးဖြစ်နေတယ် ။
တောင်းပန်ပါတယ်  ကိုယ်ကတော့ မင်းမျက်ဝန်းတွေကို
ပဲ  ငေးနေချင်ပါတယ် ။

Sweet Memories With HimWhere stories live. Discover now