| | MEET | |

6K 1.1K 65
                                    

ဘတ်ဟျွန်းအတွက်  သတိတရဖြစ်စရာတွေကို ပြန်မြင်
တွေ့မိတဲ့အခါ  တုန်လှုပ်မိတယ်  ။ ဘတ်စ်ကားပေါ် အဲ့
ဒီကျောင်းယူနီဖောင်းနဲ့ ကျောင်းသားလေးတွေ  အုပ်စု
လိုက်  တက်လာခဲ့ကြရင် ဘတ်ဟျွန်း  မသိမသာ စိတ်
လှုပ်ရှားလာပြီး  နူတ်ခမ်းတွေကို  ဖိကြိတ်ထားမိတယ် ။
အကြည့်တွေ  လွှဲပစ်ကာ အာရုံလွှဲပြောင်းပစ်ကာ သီချင်း
သံကို   ကျယ်ပစ်လိုက်တတ်တယ် ။

ပြန်မသွားချင်တော့တဲ့  အတိတ်တွေထဲကနေ သူ့ကိုယ်
သူ မနည်းဆွဲထုတ်လာခဲ့ရတာ ပင်ပန်းပြီး ခြေကုန်လက်
ပန်းကျနေပြီ ။  နည်းနည်းလေးဖြစ်ဖြစ်အောင် သတိရ
တာမျိုး  မဖြစ်ချင်တော့ဘူး ။ ဒီ နှစ်,နှစ်အတွင်းမှာ ပုံမှန်
ပြန်ဖြစ်အောင်  ကြိုးစားခဲ့ရတာ  အားအင်တွေကုန်ဆုံး
နေပြီ ။ အိမ်မက်တခုလို  နောက်တနေ့မိုးလင်းရင် အား
လုံးကို  သူ့မှတ်ဥာဏ်ထဲကနေ ထုတ်ပစ်နိုင်ရင် သိပ်
ကောင်းမယ် ။ ဒါမှမဟုတ် ကိုယ့်ဘဝထဲ သူမပါဝင်သေး
တဲ့ အချိန်တွေကိုပြန်သွားပြီး ပြောင်းလဲပစ်လိုက်ချင်မိ
တယ် ။  ဒါဆို  ကျွန်တော်   မနာကျင်ရတော့ဘူးပေါ့  ။

သူကလွဲလို့ ဘာမှမသိဖြစ်ခဲ့ရလောက်တဲ့အထိ အဲ့ဒီအ
ချိန်က ကျွန်တော် ဘယ်လောက်တောင် အရူးထခဲ့သလဲ၊

ဘတ်ဟျွန်းက ကားမှတ်တိုင်ကနေ အိမ်အထိ ထီးလေး
ဆောင်းပြီး  မလှုပ်မယှက်ခြေလှမ်းတွေနဲ့ တုံ့နှေးတုံ့နှေး
လမ်းလျှောက်နေ၏ ။ တဖွဲ့ဖွဲ့မိုးစက်တွေက ထီးပေါ်
တပေါက်ပေါက် ထိစင်နေသံတွေက ကျယ်ကျယ်လောင်
လောင် ထွက်ပေါ်နေခဲ့သည် ။ ထီးလက်ကိုင်ကို တင်း
တင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ  ဟင်းခနဲ သက်ပြင်း
မောတချက် လေးလေးပင်ပင်ချလိုက်ကာ သူ့ခြေလှမ်း
တွေကို  သွက်သွက်လက်လက် လှမ်းလိုက်တော့၏ ။

"  ကိုကို ပြန်လာပြီ  ယေး!  ဒေါ်ဒေါ်မေမေ ကိုကို ပြန်
ရောက်ပြီ   မိုးတွေစိုလာတယ်   ဖျားတော့မယ် "

ဘတ်ဟျွန်းရဲ့တူလေး သုံးနှစ်သားအကောင်ပေါက်လေး
က စကား သိပ်တတ်လွန်းတယ် ။  တနှစ်သားတုန်းက
တော့  ဖက်တီးပုပ်ကလေးလို ဖြူဖြူဖွေးဖွေး ဝတုတ်
ကောင်လေးက အခုများတော့  အရွယ်ကလေးရောက်
တာနဲ့ ပိန်ပါးသွားပြီး  သူ့ဖေဖေလို ပါးချိုင့်တဖက်ကထင်း
ရှင်းနေတာပဲ  ။  အရင်ကဆို  ဒီအကောင်ပေါက်လေး
ပါးချိုင့်ပေါ်အောင်များ  ရယ်လိုက်ရင်  ဘတ်ဟျွန်း မျက်
ရည် စ,ဝဲတော့တာပဲ ။

Sweet Memories With HimWhere stories live. Discover now