| | MORE | |

6.6K 1.2K 65
                                    


ဒီနေ့တနေ့တာကြောင့်  အိမ်ပြန်ရောက်ထဲက ကျွန်တော်
သတိမထားမိလိုက်ခင်မှာ  ပြုံးပြုံးနေမိတာကို အမြဲပြန်
ဆင်ခြင်နေရသည်  ။  ဝန်မခံချင်ပေမဲ့  ဒီနေ့ အရမ်းပျော်
ခဲ့ပြီး   ခံစားချက်တွေက အရမ်းကောင်းမွန်နေသည် ။
ပြန်တွေးကြည့်တိုင်း  ရင်တွေအရမ်း  ခုန်နေမိပြီး သူနဲ့
အကြည့်ချင်းဆုံတိုင်း  မြင်မိခဲ့တဲ့  အဲ့ဒီအပြုံးတွေကို မျက်
လုံးထဲက ထုတ်ပစ်လို့မရနိုင်သေးဘူး ။

ဒီနေ့က အရမ်းပျော်စရာကောင်းတဲ့ နေ့ရက်ဖြစ်ခဲ့တာ
သူ့ကျေးဇူးကြောင့်ပါ ။ မထင်ထားခဲ့ပေမဲ့ သူနဲ့ဒီလိုနေ့
ရက်တွေရှိလာတယ်ဆိုတာ  ကျွန်တော့်အတွက် ကံ
ကောင်းခြင်းလား  ဒါမှမဟုတ်  ကံမကောင်းခြင်းလား ။
ထိန်းချုပ်ထားခြင်းပေမဲ့  ကျွန်တော်  ဒီပျော်ရွှင်မှုတွေကို
ကွယ်ဝှက်ထားလို့ မရနိုင်ဘူး ။  မသိလိုက်ခင်မှာပဲ သူ့
အကြောင်းတွေးရင်း  ကျွန်တော်  အခုတင် ပြုံးမိပြန်
တယ်  ။ 

ဒီနေ့ည ဖုန်းဆက်ခွင့်ကို သူက ရုတ်တရတ်ခွင့်တောင်း
လာတော့   စိတ်တွေအရမ်းလှုပ်ရှားပြီး  စကားတောင်
ပြောခွင့်မသာခဲ့ဘူး  ။  လှည့်ထွက်လာခဲ့မိပေမဲ့ တကယ်
တော့   သူ့ကို  အခွင့်အရေးတွေ  ပေးချင်မိနေတယ် ။
ကျွန်တော်က အမှတ်မရှိတဲ့ လူတယောက်များ ဖြစ်နေ
ပြီလား ။  ကျွန်တော်  အရမ်းချစ်မိခဲ့လို့ သူ့ကို လက်
မလွှတ်ရက်ဘူး  ဖြစ်နေခဲ့တယ်  ။

ဒီနေ့ သူ  တကယ်ပဲ   ဖုန်းဆက်လာပါ့မလား ။

စိတ်တွေ  လှုပ်ရှားလာပြီး  စားပွဲပေါ်က ဖုန်းလေးကို လှမ်းအကြည့်  ဖုန်းမျက်နှာလင်းလာပြီး  ဖုန်းသံက ထ
မြည်လာတာကြောင့်   ကျွန်တော်  အလန့်တကြား ထ
အော်မိလိုက်တယ်  ။  ဖုန်းခေါ်နေသူက မင်ဆော့ဖြစ်
နေတာမို့ ကျွန်တော်  နည်းနည်းလေး  ဝမ်းနည်းမိသွား
သလိုပဲ   ။

"   အင်း    ! မင်ဆော့  မင်းတို့အတွဲ အဆင်ပြေပြီလား"

ရန်ဖြစ်ထားကြတဲ့  ဒီအတွဲကြောင့်  ဘတ်ဟျွန်း စနောက်
လိုက်တယ်။ ငါးမိနစ်ရန်ဖြစ် တစ်နာရီပြန်ချစ်ကြတဲ့သူ
တွေမို့ သူတို့ကို  အထူးအထွေ စိတ်ပူစရာမလိုပါဘူး ။

Sweet Memories With HimWhere stories live. Discover now