|| I Love You More Than I Can Say [ Sweetest - Five] ||

5.5K 964 15
                                    

ဒီနေ့ ဒီအပိုင်းကစပြီး Me After You လေးကို နား
ထောင်ရင်း  အဆုံးထိ ရေးသွားတော့မှာပါ   ။

-----------------------------------------------------
ဘတ်ဟျွန်းနီသို့

မင်းနဲ့ တွေ့ဆုံပြီးနောက်ပြီး အသေးအမွှား ကိစ္စလေး
တွေကအစ ကိုယ်ပျော်ရွှင်လာတယ် ။ ဘာမဟုတ်တဲ့
ကိစ္စလေးတွေအစ စိတ်ချင်းတူတဲ့အခါ ကိုယ်တို့နှစ်
ယောက်ရဲ့ ထပ်တူကျမှုကို အံ့သြသင့်ရပြီး ကိုယ် ပိုပြီး
ယုံကြည်လာခဲ့တယ် ။ အေးချမ်းတဲ့ ဒီအတိုင်းလေးပဲ
ထာဝရဖြစ်ချင်တယ်လို့ ကိုယ် မင်းကို ငေးကြည့်ရင်း စဉ်း
စားမိခဲ့တယ် ။  မင်းနဲ့ တွေ့ခဲ့လို့ တကယ်ပျော်ရွင်ခဲ့ရပြီး
ကိုယ်က သိပ်ကိုကံကောင်းတဲ့လူသား ဖြစ်ခွင့်ရခဲ့တယ်။
မရင့်ကျက်ခဲ့တဲ့ ကိုယ့်ကိုနားလည်ပေးခဲ့ပြီး နွေးနွေးထွေး
ထွေး  ပွေ့ဖက်ပေးခဲ့တဲ့မင်းက ကိုယ့်အတွက် ပြောမပြ
နိုင်လောက်တဲ့အထိ  ကောင်းမွန်တဲ့သူ တယောက်ပါ ။

မနက်ခင်း  မျက်လုံးတွေပွင့်လာတဲ့အချိန်တိုင်း မင်း အ
ကြောင်းတွေးပြီး  နိုးထရတဲ့  ကိုယ့်မနက်ခင်းက သိပ်ကို
လှပလွန်းတယ် ။  မျက်လုံးတွေ ပွင့်လာတာနဲ့ ကိုယ့်
ခေါင်းအုံးအောက်က ဖုန်းလေးကိုယူပြီး  မင်းဆီကို စာ
တစောင်ပို့မယ်  ။

” အိပ်ယာနိုးပြီလား ၊ အရမ်းအေးတယ် နွေးနွေးထွေး
ထွေး ဝတ်သွားနော် ၊  အိမ်မက်ထဲမှာ ကိုယ် မင်းကိုတွေ့
တယ် ၊ အလုပ်မှာ အဆင်ပြေပါစေနော် ၊ ချစ်တယ် ” စ
သည်ဖြင့်  မင်းအတွက်တွေးပြီး  အားအင်ဖြစ်စေတာမျိုး
ကိုယ်ပြောပေးပါ့မယ် ။ အပြန်အလှန် စာတွေပို့ပြီး မနက်
ခင်းကို တူတူနိုးထကြပြီး  ကိုယ်ပိုင်တာဝန်တွေကို ကိုယ်
တို့ ကြိုးစားလုပ်ကြပြီး  အဆင်ပြေပြေ နေထိုင်ကြမယ် ။

မင်းက မနက်ခင်း အိပ်ယာနိုးတာနဲ့ ကိုယ် ဝယ်ပေးထား
တဲ့ ပန်းပင်လေးကို  ဂရုတစိုက်ပြုစုပေးနေချိန်မှာ ကိုယ်
က မင်းအကြောင်းတွေးလို့ ပြုံးနေပါ့မယ် ။ မင်းက အ
လုပ်ချိန်မှာ  အိပ်ချင်နေတယ်လို့ပြောလာခဲ့ရင် ကိုယ်က
ဟာသတွေပြောပေးပါ့မယ် ။  ပေါ့ပေါ့ပါးပါး မင်းရယ်သံ
တွေ ထွက်လာတဲ့အထိ ကိုယ်က ကြိုးကြိုးစားစား ဟာသ
တွေ  လုပ်ပြပါမယ် ။  ပြီးရင်တော့ မင်းဆီကို ကိုယ့်လက်
ရာ ကော်ဖီကောင်းကောင်းတခွက် ရောက်အောင် ပို့
လိုက်ပါဦးမယ်  ။

Sweet Memories With HimWhere stories live. Discover now