ဘယ်သူ့အကြောင်း စဉ်းစားနေလဲလို့ တစုံတယောက်က
မေးလာတဲ့အခါ မင်းနူတ်ဖျားက ငါ့နာမည်ကို ရေရွတ်ပါ၊-------------
အဖြူရောင်ရှပ်အင်္ကျီလေး ဝတ်ပြီးတဲ့အခါ ဘတ်ဟျွန်း
က မျက်လုံးလေးတွေပိတ်သွားတဲ့အထိ ပြုံးရယ်တယ် ။
အပြာနုရောင်ဂျင်း ဘောင်းဘီလေးနဲ့ အဖြူရောင်ရှပ်
အက်ႌ ။ ဘတ်ဟျွန်းက အရမ်းကို ကြည့်ကောင်းပြီး
တောက်ပနေတဲ့ အပြုံးလေးနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေ
တယ် ။ လက်မှာ နာရီကို ပတ်လိုက်ပြီး အချိန်ကို
ကြည့်လိုက်တော့ နာရီလက်တံတိုက ခုနှစ်ဂဏန်းမှာ
အတိအကျ ငြိမ်သက်နေတယ် ။ မှန်ရှေ့မှာ မတ်တပ်
ရပ်ပြီး နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို လက်
နဲ့အသာပုံစံချ အလုပ်ရှုပ်နေတယ် ။စာကြည့်စားပွဲပေါ်က ဖုန်းဆီက စာတစောင်ဝင်လာသံ
ကြောင့် ယူကြည့်လိုက်တော့ ချန်းယောလ်ဆီက စာ။
" ကိုယ် ရောက်နေပြီ " တဲ့ ။ ဘတ်ဟျွန်းတယောက်
ပြတင်းတံခါးကနေ အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့
မတ်တပ်ရပ်နေတဲ့သူ့ကို လှမ်းမြင်ရသည် ။ သူက တ
ကယ်ပဲ အဖြူရောင် ဝတ်ထားတာပဲ ။ စိတ်တွေ အရမ်း
လှုပ်ရှားလာလွန်းလို့ တည်ငြိမ်သွားအောင် မတ်တပ်ရပ်
ကာ ငြိမ်နေလိုက်ရသည် ။ သူ အကြာကြီးစောင့်နေရ
မှာစိုးတာနဲ့ ဖုန်းကိုလှမ်းယူပြီး အခန်းထဲက ထွက်လာ
ခဲ့တော့၏ ။အိမ်ရှေ့ခြံတံခါးကို တွန်းဖွင့်လိုက်တော့ အသင့်စောင့်
နေတဲ့သူက အတောက်ပဆုံး အပြုံးတွေနဲ့ ကြိုလင့်နေ
တယ် ။ တီရှပ်အဖြူအပေါ် အဖြူရောင်ရှပ်ကို ထပ်
ဝတ်ထားတဲ့သူက အရမ်းကြည့်ကောင်းနေပြီး သန့်ပြန့်
နေသည် ။ ရင်တွေ တဒိတ်ဒိတ် ခုန်နေပေမဲ့ ခြေလှမ်း
တွေကို သူ့ရှေ့မှာ ရပ်လိုက်ပြီး သူနဲ့အကြည့်ချင်းဆုံစေ
လိုက်တယ် ။ အကြည့်ချင်းဆုံပြီး အပြုံးတွေကို ထပ်
တူညီလိုက်တဲ့အခါ အရာအားလုံးက ပြီးပြည့်စုံသွားသ
လို ခံစားချက် ။ အိမ်မက်လှလှ မက်နေရတဲ့ အတိုင်း ။
ဘယ်တော့မှမနိုးထချင်တော့တဲ့ လှပတဲ့ အိမ်မက်လေး။
![](https://img.wattpad.com/cover/184480288-288-k241710.jpg)