| | WE | |

6K 1.2K 76
                                    


အဲ့ဒီနေ့က  ဂျုံအင် ၊ ရှီးယောင်းတို့နဲ့တူတူ အတန်းချိန်
လစ်ကြပြီး   ဆိုင်တဆိုင်မှာ  ချိန်းပြီး  တွေ့ဖြစ်ကြတယ်။
ကျောင်းယူနီဖောင်းတွေနဲ့ အတန်းလစ်ကြလာတဲ့ ကျွန်
တော်တို့အဖွဲ့က ဆုံကြပြီဆိုတာနဲ့ ဟာသတွေပဲ ပြောကြ
ပြီး   ရယ်နေဖြစ်တာကများတယ်  ။  အဲ့ဒီနေ့က စကားမ
စပ်ဘဲ  ရှီးယောင်းက သူ့အကြောင်း ကျွန်တော့်ကို မေး
ပြီး  အခြေအနေတိုးတက်ရဲ့လားလို့ စနောက်လာသေး
တယ်  ။

"  မင်းကလဲ ဖွင့်ပြောဖို့ကို ဒီလောက်ထိခက်နေလား ။
မြန်မြန်လေးဖွင့်ပြောတော့လေ အချိန်ဆွဲနေတာပဲ "

ရှီးယောင်းက ဒီလိုပြောတော့ ကျွန်တော် ရယ်နေရုံသာ
တတ်နိုင်ခဲ့တယ် ။ တကယ်တော့  တွန့်ဆုတ်နေမိတဲ့
ကိုယ့်ကိုကိုယ်သာ အသိဆုံးပဲ ။ ဘတ်ဟျွန်းနီကလဲ ကိုယ့်ကို သဘောကျနေတာကို သိနေပါလျက်နဲ့ ဖွင့်ပြော
ဖို့ကို  မဝံ့မရဲဖြစ်နေရသည် ။တကယ်တော့  မဖွင့်ပြော
ခင်  ဘတ်ဟျွန်းနီနဲ့ ရင်းနှီးချင်ခဲ့တာ  ။  ဒါပေမဲ့ ဘတ်
ဟျွန်းနီရှေ့ကိုရောက်သွားရင်  စိတ်တွေလှုပ်ရှားပြီး
ကိုယ့်အနေအထားကို  ပြန်ထိန်းနေရတာနဲ့ပဲ  ရင်းနှီးဖို့
ထက်  အဝေးကိုတွန်းပို့နေမိသလိုပဲ  ။ 

"  ဟေ့ကောင်  ရယ်ပဲရယ်မနေနဲ့ ဖွင့်ပြောလိုက်တော့ ၊
ရင်းနှီးအောင် အရင်လုပ်ချင်လဲလုပ်တော့ "

"  အေးပါကွာ မင်းတို့ကလဲ ၊ ငါလဲ ကြိုးစားနေပါတယ်"

ဒီလိုနဲ့ပဲ  ကျွန်တော်တို့အဖွဲ့ စကားလမ်းကြောင်းက အ
သစ်ဝယ်ကြမဲ့ ဂစ်တာတွေအကြောင်း ရောက်သွားလိုက်၊
ဟိုရောက်  ဒီရောက်နဲ့ပဲ   ဟိုဟိုဒီဒီပြောပြီး ထုံးစံအတိုင်း
ရယ်ရယ်မောမော ပြန်ဖြစ်သွားတယ် ။သုံးယောက်သား
က သီးသန့်ကမ္ဘာဖြစ်နေကြပြီး  ဆိုင်ထဲကိုတောင် သတိ
ပြုပြီး  ကြည့်မနေဖြစ်တော့ဘူး  ။ 

ရုတ်တရတ်ကြီး   "  ဟေ့ကောင်တွေ  ခွေးကောင် ..."
ဆိုတဲ့  ခပ်စူးစူးဆဲသံကြောင့်  အကြည့်တွေက ပြိုင်တူပဲ
အဲဒီအသံပိုင်ရှင်ရှိရာဆီ  ရောက်မိသွားကြတယ် ။ အဲ့ဒီ
အချိန်မှာ  ကျွန်တော့်မှာ  အံ့လဲအံ့သြပြီး  အသံပိုင်ရှင်
လေးကြောင့်   ရယ်လဲရယ်မိသွားတယ်  ။ အသံပိုင်ရှင်
လေးကတော့   သူငယ်ချင်းနဲ့ကွယ်ထားပြီး  စားပွဲခုံပေါ်.ခေါင်းထိမတတ်  အသည်းအသန် ငုံ့ထားကာ ငြိမ်ငြိမ်
လေး  ပုန်းနေသေးတယ်  ။

Sweet Memories With HimOpowieści tętniące życiem. Odkryj je teraz