ဒီနေ့တနေ့လုံး ဘတ်ဟျွန်း စာကို စိတ်ဝင်တစား သင်နေ
ခဲ့တာ နောက်ဆုံး အတန်းချိန် တချိန်ပဲ ကျန်တော့၏ ။
နောက်တန်းမှာ စုပြုံစုပြုံ ခေါင်းချင်းဆိုင်နေတဲ့ သူ့ အ
တန်းဖော်တွေကို ဘတ်ဟျွန်း လစ်လျစ်ရှူထားပြီး
နောက်ဆုံးအတန်းချိန်အတွက် ဆရာဝင်မလာခင် နား
ကြပ်တပ်ပြီး မှောက်အိပ်နေလိုက်သည် ။ အနောက်မှာ
တော့ ဘတ်ဟျွန်းရဲ့ အတန်းဖော်သုံးယောက်က အ
တန်းလစ်ကြဖို့အရေး အကြိတ်နယ်ဆွေးနွေးနေကြပြီး
ဘတ်ဟျွန်း ကိုပါ ခေါ်ထုတ်နိုင်ရေး တိုင်ပင်နေကြ၏ ။" ဟေ့ကောင်တွေ လီမင်ဂျူ မင်းတို့ကောင်တွေ..."
လူကို မ,မပြေးရုံတမယ် လက်မောင်းကနေ ဆွဲကိုင်ပြီး
ပြေးထွက်ကြတဲ့ ကောင်တွေကြောင့် ဘတ်ဟျွန်းမှာ
အော်ရင်းဟစ်ရင်း ရုန်းရင်းဆန်ရင်း အခန်းပြင်ထိ တ
ရွတ်တိုက်နီးပါး ဆွဲခေါ်ထုတ်လိုက်ရတော့သည် ။ ဘတ်
ဟျွန်းကို အတင်းခေါ်ပြေးတဲ့ နှစ်ကောင်ရယ် ၊ဘတ်
ဟျွန်းရဲ့လွယ်အိတ်ကို ယူလာပေးတဲ့ တကောင်ရယ် ၊
ပေါင်း သုံးကောင်တိတိ ။" ခွေးကောင်တွေ ဒီအတန်းချိန်တက်ပါမယ်ဆိုနေမှ သေမလိုတွေလာဆွဲပြေးတယ် လစ်ပြေးဖို့သ်ိကြတယ်.မင်းတို့ကောင်တွေ ဟင်းဟင်း .... "
ဘတ်စ်ကားပေါ်ရောက်နေတာတောင် ဘတ်ဟျွန်း ပါး
စပ်က တရစပ်ပွားနေတာကို အတန်းဖော်သုံးကောင်က
တခွီးခွီးလုပ်နေကြတယ် ။ ဘောက်ဆတ်ဆတ်နဲ့ လွယ်
အိတ်ကို ရင်ဝယ်ပိုက်လိုက်ပြီး နားကြပ်ပြန်တပ်လိုက်
ကာ ဒေါသထွက်နေတဲ့ ဘတ်ဟျွန်းလေး ငြိမ်သက်သွား
တယ် ။ ကားမှန်ကနေတဆင့် အပြင်ဘက် မြင်ကွင်းကို
ငေးမောရင်း နားထဲမှာ paul kim ရဲ့ အသံအေး
အေးလေးက ပျံ ့လွင့်နေခဲ့သည် ။ကျွန်တော် သူ့ကို သတိရတိုင်း သီချင်း နားထောင်ဖြစ်
တယ် ။ လွမ်းမိတိုင်း တွေ့ချင်စိတ်ကို ထိန်းရတယ် ။
အဆက်ပြတ်နေတဲ့ စာတွေကို ကျွန်တော့်ဘက်ကပဲ
စာတကြောင်းလောက်ပို့ပြီး အဆက်အသွယ်လုပ်လိုက်
သင့်သလား ။ ဒါဆို သူကကော စာပြန်ပို့လိမ့်မလား ။
ဘယ်ကစလို့ ဘာအကြောင်း သွားပြောသင့်သလဲ ။ အ
ပြန်အလှန် ပို့ထားတဲ့ လေးကြောင်းထဲသော စာကို ခဏ
ခဏဖတ်ပြီး ခဏခဏပဲ ကျွန်တော်ပြုံးတယ် တဆက်
ထဲမှာပဲ လွမ်းလို့ ငိုချင်စိတ် ဖြစ်လာတယ် ။