| | YOU | |

6K 1K 118
                                    


အိပ်ယာထက်က ဖုန်းလေးဆီ   စာတွေ အဆက်မပြတ်
ဝင်လာနေတာကို   အိပ်ယာစွန်းမှာ  ကျောပေးထိုင်နေ
တဲ့  ဘတ်ဟျွန်းက လစ်လျစ်ရှူထားတယ် ။ အဆက်မ
ပြတ်ဝင်လာနေတဲ့  စာတွေ ၊ ဖုန်းခေါ်ဆိုမှုတွေက သေ
ချာပေါက်   ဆယ်ဟွန်းနဲ့မင်ဆော့ဆီကပဲ ဖြစ်လိမ့်မယ်။

ဘတ်ဟျွန်း  ဒီနေ့ ကျောင်းမသွားခဲ့ဘူး ။  အဖေ အမေ
မရှိ ၊  တိတ်ဆိတ်နေတဲ့  အိမ်ထဲမှာ  ဘတ်ဟျွန်းက
တော်တော်လေး  ဖျားနေတယ်  ။  ဖြူဖျော့နေတဲ့ နူတ်
ခမ်းတွေ  ၊  နာနေတဲ့  လည်ချောင်းထက်  သူ့နှလုံးသား
က နာကျင်မှုပိုသည် ။ ကုတင်စွန်းမှာ  ငြိမ်ငြိမ်သက်
သက်ထိုင်နေပြီး  ခေါင်းငိုက်စိုက်ကျကာ  မျက်ရည်စက
ကြမ်းပြင်ထက် ပေါက်ခနဲ လွှင့်စင်ကျလာသည် ။ ပူ
လောင်နေတဲ့  အဖျားအပူရှိန်က ကိုယ်တွင်းမှာ မီး
တောက်လောင်နေသည့်နှယ်  နေရခက်လှ၏ ။ မနက်
စောစောထဲက အလုပ်သွားတဲ့ အဖေ ရယ် ၊ အမျိုးတွေ
ဆီ အလည်သွားတဲ့အမေက ဘတ်ဟျွန်း ဖျားနေတာကို
မသိခဲ့ကြဘူး  ။

ဘာမှလဲမစားရသေးသလို ၊ ဘာဆေးမှလဲ သောက်ဖို့
ဘတ်ဟျွန်းက အစီအစဉ်မရှိဘူး ။ ကြောက်ရွံ့ စွာနဲ့ သူ
က သူ့ရဲ့ဖုန်းကို   ကျောခိုင်းကာ လစ်လျစ်ရှူ့ ထားတယ်၊

တောင်းပန်ပါတယ် ။ ချန်းယောလ်ရဲ့သဘောမပါဘဲ
ကျွန်တော်က ကျွန်တော့်စိတ်ထဲမှာ ကိုယ်တိုင် ကြိုးတွေ
ချည်နှောင်ပစ်ခဲ့ပြီး  လောဘတွေကြီးခဲ့မိတယ် ။နာကျင်
တယ်  ချန်းယောလ် ။ အသိအမှတ်မပြုပေးတဲ့ ဂရုစိုက်
မှုတွေ ၊ အသွားအလာမရှိတဲ့ မေတ္တာတွေကြားမှာ လစ်
လျုရှုခံရခြင်းတွေနဲ့ ကျွန်တော်က သိပ်ကိုနာကျင်နေရပြီး
နေသားမကျသေးဘူးထင်တယ် ။

ကျွန်တော်က ချန်းယောလ် ပျော်နေတာမြင်ချင်တဲ့ သူ
ဟုတ်ပေမဲ့  ဒီလိုမျိုး မိန်းကလေးတယောက်နဲ့တော့ မ
ဟုတ်ဘူးလေ ။ ကျွန်တော်ကပဲချစ် ၊ ကျွန်တော်ကပဲ ဂရု
စိုက်ပေးနေရရင် ပျော်နေနိုင်မယ်ထင်ရပေမဲ့ တကယ်
တမ်းတော့  ကျွန်တော်က လောဘတွေသိပ်ကြီးလာမိ
တယ်  ။  မဖြစ်နိုင်တဲ့  အချစ်တွေကို ပြန်မျှော်လင့်မသွား
တယ်။  ကျွန်တော့်ကို  ကျွန်တော်ကိုယ်တိုင်ကပဲ နာကျင်
အောင်  လုပ်နေခဲ့မိတာ ။

Sweet Memories With HimWhere stories live. Discover now