|| I Love You More Than I Can Say [ Sweetest - FOUR] ||

5.5K 1.1K 37
                                    


အလုပ်လုပ်နေပေမဲ့  တရစပ်ဝင်လာနေတဲ့ စာတွေကိုခိုး
ဖတ်ပြီး  ကြိတ်ရယ်နေရသည် ။ အကြောင်းရင်းမှာ မနေ့
ညက အကြိုက်သောက်ထားတဲ့  ဂျုံအင်နဲ့ရှီးယောင်းတို့
နှစ်ယောက်  အခုထိ အရှိန်မသေကြသေးတဲ့  ပုံစံကြီး
တွေနဲ့ ဆိုင်မှာ  ထိုင်နေကြတဲ့ပုံစံကို  ချန်းယောလ်က စ
နောက်ပြီးပို့ပေးထားသည်လေ။  ပုလင်းသာလဲစေ ၊ လူ
တော့မလဲစေရ ဆိုတဲ့  အကိုမင်ဟော့တယောက်လဲ အ
လုပ်မှာ  အဆင်ပြေရဲ့လားမသိ  ။ ဆယ်ဟွန်းတို့်အတွဲ
ကကော အဆင်ပြေကြရဲ့လား ။  ဘတ်ဟျွန်းမှာ တွေး
တွေးပြီး  ကြိတ်ရယ်နေမိသည်  ။ တော်သေးသည်က
ချန်းယောလ်ကို ဂရုစိုက်ပေးချင်တာမို့ အများကြီး  မ
သောက်ခဲ့မိတာပဲ  ။ မဟုတ်ရင်  ကိုယ်လည်းပဲ သူတို့ကို
ဖြစ်ပျက်နေဦးမှာပဲ  ။

ညက အိမ်တောင်မပြန်ကြနိုင်ဘဲ  အကိုမင်ဟော့အိမ်မှာ
ပဲ  မူးမူးရှုးရှုးနဲ့ အိပ်ပျော်ကုန်ကြပြီး မနက်မိုးလင်းမှ အ
လုပ်ကို  ဝရုန်းသုန်းကားထပြေးခဲ့ကြရတာက အမှတ်တ
ရပါပဲ ။  တော်တော်လေး ဟာသဖြစ်ခဲ့တဲ့  အမှတ်တရ ။

"  ဘတ်ဟျွန်းတို့များ   လျှိုထားတာနော်  ချန်းယောလ်
နဲ့ ဘယ်တုန်းက ဒီအခြေအနေရောက်လိုက်တာလဲ  "

မျက်နှာချင်းဆိုင် အလုပ်စားပွဲက စီနီယာအမစကား
ကြောင့်  တိတ်ဆိတ်နေကြတဲ့အခြေအနေက လှုပ်လှုပ်
ရှားရှားဖြစ်လာကြပြီး  ဘတ်ဟျွန်းဆီ အကြည့်တွေ အ
ကုန်ရောက်လာကြတော့သည် ။ အားလုံးက ဒီကိစ္စ အ
တွက် သိချင်စိတ်ပြည့်နှက်တဲ့  အကြည့်တွေနှင့် ဘတ်
ဟျွန်းဆီကကြားရဖို့ မျှော်လင့်နေကြသည်  ။ ဆိုင်ထဲမှာ
ချန်းယောလ်က ကျွန်တော့်လက်ကိုကိုင်ပြီး  လာခေါ်
ထုတ်သွားထဲက သူတို့အကုန်ရိပ်မိကုန်ခဲ့ကြသည် ။

" လျှိုထားတာမဟုတ်ပါဘူး  ပြောပြဖို့ မဖြစ်နိုင်သေးလို့
ပါ  စီနီယာ  ၊ ကျွန်တော်တို့ကလဲ......      "

"  ဘတ်ဟျွန်းကတော့  ငါ့ကိုကြိတ်ရယ်နေခဲ့မှာပဲနော်
သူ့ကောင်လေးကို  ငါက ကြိတ်ကြွေနေတာကို  "

စီနီယာအီကြောင့် ဘတ်ဟျွန်း အသည်းအသန် ငြင်းဆန်
လိုက်မိသည် ။ ကျွန်တော် ဘယ်တုန်းကမှ ဒီလိုမတွေး
ခဲ့မိကြောင်းဆိုတာကို ။ 

Sweet Memories With HimWhere stories live. Discover now