| | SORRY | |

6.5K 1.1K 72
                                    

ဘတ်ဟျွန်းက ချန်းယောလ်နဲ့ ဆုံမိတဲ့နောက်ပိုင်း သူ့ အ
တွက် လုံးဝ အဆင်မပြေတော့တဲ့ အနေအထားရောက်
သွားတယ်  ။  သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အ
တိတ်က အမှတ်တရတွေက သူ့နှလုံးသားကို ဆူး တစ်
ချောင်းလို နစ်ဝင်တူးဆွလာတယ် ။ သူ မေ့ပစ်ဖို့ အချိန်
ကာလ တော်တော်များများယူခဲ့ရပေမဲ့ တခဏအတွင်း
မှာပဲ ပျက်စီးကုန်တော့သည်  ။

အချိန်က ဒါတွေကို အဝေးဆီမယူဆောင်သွားနိုင်တာက
ကျွန်တော်က သူ့ကို လက်လွတ်နိုင်စွမ်းမရှိသေးလို့ထင်
တယ် ။

ဟင့်အင်း ။ ကျွန်တော် သူ့ကို  လက်လွတ်နိုင်နေပြီ ။ကျေးဇူးပြုပြီး  ဝေးဝေးထွက်သွားပေးပါ ။ တသက်လုံး
အတွက်  အမှတ်တမဲ့တောင် မဆုံနိုင်တော့တဲ့အထိ
ပျောက်ကွယ်သွားပေးပါ ။ ဘယ်လောက်ပဲ ကြိုးစား
ကြည့်ကြည့်  ဒါတွေက ကျွန်တော့်ကိုပဲ ညှည်းဆဲနေ
တယ် ။

အရမ်းကို  ချစ်ခဲ့ရတဲ့ လူတယောက် ။ အရူးလိုမျိုး အမြဲ
တမ်း သတိရနေတတ်လို့ ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို
လွတ်မြောက်ခွင့်ပေးပါတော့ ။ ကျေးဇူးပြုပြီး.............

အနီးတနေရာမှ သူရှိနေတာက ကျွန်တော့်ကို အနှောက်
အယှက်သိပ်ပေးလွန်းနေတယ် ။ သူက ဘာမှမသိထား
တဲ့ သူမို့ ၊ ဘယ်လိုမှမနေပေမဲ့ ကျွန်တော်ကတော့ ဘယ်လို မျက်နှာနဲ့ သူ့နဲ့ဆုံရပါ့မလဲ ။ ကျွန်တော့်ဘက်
ကချည်း  တဖက်သတ်ဖြစ်ထားတဲ့ ကိစ္စတွေက ကျွန်
တော်သာသိပြီး  ၊ သူကတော့  ဘာမှမသိထားဘူးလေ။

အဲ့ဒီမိန်းကလေးနဲ့ သူကကော အခုထိ တွဲနေကြတုန်း
လား ။  သူတို့ အဆင်ပြေကြရဲ့လား ။ သူနဲ့တင် လုံ
လောက်နေတာကို  အဲ့ဒီမိန်းကလေးနဲ့အတူ တွဲတွေ့ဖို့
အထိကတော့ ကျွန်တော် အဆင်သင့် မဖြစ်သေးဘူး။

"  ဘတ်ဟျွန်းရှီး ဖုန်းလာနေတယ်လေ မကိုင်ဘူးလား"

ဂီဆွန်းက လက်ကိုထိပြီး သတိလာပေးမှ ဘတ်ဟျွန်း
သတိပြန်ကပ်လာတယ် ။ သူ့ခုံပေါ်မှာ ရှိနေတဲ့ ဖုန်းလေး
မှာတော့  " ဆယ်ဟွန်း "  အမည်နာမလေးက ပေါ်နေ.တယ်  ။  ဋ္ဌာနမှူးလဲမရှိတာမို့ စီနီယာတွေရဲ့ အခြေအ
နေကို ကြည့်ပြီးမှ  ခေါင်းငုံ့ပြီး ဖုန်းဖြေလိုက်သည် ။

Sweet Memories With HimWhere stories live. Discover now