||HIM||

6.7K 1K 30
                                    


ကျောင်းပိတ်ရက်  ဘိုးဘွားရိပ်သာကို သွား,သွားနေရ
တာကို  ဘတ်ဟျွန်းမှာ တော်တော်လေး သဘောတွေ့
နေသည်  ။ အကြောင်းရင်းက တယောက်သောသူ
အား  တွေ့ခွင့် ၊ မြင်ခွင့် ရရှိသည်ကြောင့်သာ ။ စကား
ပြောခွင့် မရှိလာသေးပေမဲ့  တွေ့နေခွင့်ကြောင့် ပိုလို့
ကျေနပ်မိပါသည် ။ တကြိမ်တခါလေးသာ တွေ့ခဲ့ပြီး
ဝေးသွားမဲ့ အခြေအနေထက် တပါတ်တခါ တနေရာထဲ
မှာ  တွေ့နေ ၊ မြင်နေခွင့် ရထားတာ ဘယ်လောက်
ကောင်းလိုက်တဲ့   အခွင့်အရေးလဲ  ။

အဘိုးအဘွားတွေကို  ဂစ်တာတီးပြီး  သီချင်းဆိုပြတတ်
တဲ့  ယောလ်ကို  ငေးကြည့်ခွင့်ရပြီး ၊ နားထောင်ခွင့် ရ
နေတာက ကျွန်တော့်အတွက်  မပြောပြတတ်လောက်
တဲ့  ကံကောင်းမှုကြီးပေါ့  ။

ယောလ်က ဂစ်တာအိတ်ကို လွယ်ပြီး ထွက်အလာ ခိုး
ငေးကြည့်နေမိတဲ့  ကျွန်တော့်မျက်လုံးတွေနှင့် ယောလ်
အကြည့်  တည့်တည့်တိုးတော့သည် ။ ခိုးငေးနေသူက
ကျွန်တော်မို့ မလုံမလဲစိတ်တွေနဲ့ ကပြာကယာ အကြည့်
လွှဲလို့ ထိုနေရာကနေ မပြေးရုံတမယ် ခက်သွက်သွက်
ခြေလှမ်းတွေနှင့်  ထွက်ပြေးလာခဲ့မိတော့သည် ။ ကျွန်
တော့် ရင်ဘတ်ထဲက ခုန်ပေါက်နေသံတွေက မဖုံးနိုင်
မဖိနိုင်အောင် အရမ်း အသံကျယ်လွန်းတယ်လို့တောင်
ထင်မိတယ်  ။

အဲ့ဒီလောက်ထိ ကျွန်တော်  သဘောကျခဲ့တာပါဗျာ  ။

"  ဘတ်ဟျွန်းရှီး   ဒီဘက်ကို ခဏလာကူပေးပါဦး "

တယောက်ယောက်ရဲ့ အကူညီတောင်းသံကြောင့် ခြေ
လှမ်းတွေ  ခက်သွက်သွက်လှမ်းရင်း သွားလိုက်တယ်။
” ထယ်ရာ ” ဆိုတဲ့ ကောင်မလေးက အဘွား တစ်
ယောက်ကို  တွဲဖို့ လုပ်နေတာမို့ ပြာပြာသလဲ ပြေးကူ
လိုက်တယ်  ။

"  ဟိုဘက်အဆောင်ကို  ပို့ပေးပါနော် ဘတ်ဟျွန်းရှီး
အဖွားက နေသိပ်မကောင်းဘူး ပြောနေလို့ "

နေမကောင်းတဲ့ အဖွားကို ဂရုတစိုက်တွဲကူပြီး အဖွား
နေတဲ့ အဆောင်ဆီကို  ဖြေးဖြေးချင်း လမ်းလျှောက်
ကာ  ခေါ်လာခဲ့လိုက်သည်  ။ ထယ်ရာကလဲ ဘေးက
နေ တဖြေးဖြေးချင်း လျှောက်ကာ လိုက်ပါလာတယ် ။
အဖွားနေတဲ့ အခန်းထဲရောက်တော့  အသင့်ရောက်နေ
တဲ့  ဆရာဝန်တဦးရယ် ၊ ပြီးတော့  ယောလ် ရယ်  ။

Sweet Memories With HimWhere stories live. Discover now