|| TAKE||

6.2K 1.1K 101
                                    


တက်ကြွနေတဲ့  ဘတ်ဟျွန်းက တက္ကသိုလ်ကို အလည်
လာဖို့ မင်ဆော့ နှစ်ခါခေါ်စရာမလိုအောင်ပင် ရယ်ရယ်
မောမောလေးနဲ့ ရောက်ချလာသည် ။ မင်ဆော့တို့ဆီ
အလည်သွားရင်  သူနဲ့တွေ့နိုင်တာမို့ လွယ်အိတ်ဆွဲပြီး
အပြေးလေး ထထွက်လာခဲ့သည် ။ တက္ကသိုလ်ဝင်းထဲ
ရောက်တာနဲ့ မျက်လုံးတွေက ဂနမငြိမ်နိုင်အောင်လိုက်
ရှာမိလေတော့  ဆယ်ဟွန်းက လှောင်ရယ်သေးတယ်။

တူညီယူနီဖောင်းတွေကြား သူတို့လိုက်ရှာရတာ ထင်
သလောက်တော့မလွယ် ။အရပ်ရှည်ရှည်နဲ့ကျောင်းသား
တွေများ တွေ့လိုက်ရရင် သူများလားလို့ လိုက်ကြည့်ရ
တာလဲ ခေါင်းတွေက ယမ်းခါနေသည် ။

" ရှာမနေနဲ့ ချန်းယောလ်ရှိတဲ့နေရာကို ငါတို့တွေ့ထား
တယ် မင်းအတွက်ပဲ ကြိုတင်ရှာပေးထားတာ ဂနာငြိမ်
ငြိမ်နေစမ်း   စေတနာမရှိအောင်မလုပ်နဲ့ "

" ဆယ်ဟွန်း  မင်းအတော်ဆုံးပဲ  သိလား  "

ဆယ်ဟွန်းက လက်ကြီးပိုက်ပြီး  မျက်စောင်းရွယ်သွား
သေးတယ် ။ ဆယ်ဟွန်းရုပ်က ရယ်ချင်စရာကြီး ဖြစ်နေ.တော့ ဘတ်ဟျွန်းကော မင်ဆော့ပါ ပြိုင်တူထရယ်ကြ
တယ် ။  ဆယ်ဟွန်း ခေါ်သွားပေးတဲ့ နေရာက အပင်
တပင်အောက်က ခုံတန်းဆီ ။

" ဟိုးဘက်မှာ တွေ့လား မင်းရဲ့လူက ၊ သူ့သူငယ်ချင်း
တွေ ရောက်နေကြတာ   မနက်ပိုင်းထဲကပဲ "

ဆယ်ဟွန်း မေးငေါ့ပြရာသည် တဖက်က တန်းစီစိုက်
ထားတဲ့ အပင်ပုပုလေးတွေနောက်က ခုံတန်းမှာ ထိုင်
နေတဲ့  ကျောင်းသားအဖွဲ့တွေဆီ ။ ခုံမှာ မထိုင်ဘဲ မတ်
တပ်ရပ်နေတဲ့သူ့ကို ကျွန်တော် ကောင်းကောင်းမြင်နေရ
တယ် ။ သူ့သူငယ်ချင်းနှစ်ယောက်က တခြားတက္ကသိုလ်
က ဖြစ်တဲ့ပုံပေါ်သည် ။ မတူညီတဲ့ယူနီဖောင်းတွေနဲ့
သူတို့က ချန်းယောလ်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ
ဖြစ်တဲ့ပုံပဲ ။ စိတ်လွတ်လက်လွတ် ဟာသတွေ ပြောပြီး
အားရပါးရကို  ရယ်မောနေတဲ့သူ့ကို  မြင်လိုက်ရတာ
ကျွန်တော့်အတွက်  ပုံစံအသစ်အဆန်းပဲ  ။

ဒါက ကျွန်တော် မသိတဲ့ သူ့ရဲ့ပျော်ပျော်နေတတ်တဲ့ပုံစံ
လား ။

Sweet Memories With HimWhere stories live. Discover now