| | LOVE | |

6.3K 1.2K 117
                                    


မနက်အစောပိုင်း   ဆိုင်ဖွင့်စမို့ ဘယ်သူမှ မရှိချိန် ချန်း
ယောလ်ကတော့  စားပွဲပေါ် မေးတင်ကာ အားပျက်နေ
တဲ့  ပုံစံအနေအထားနှင့်  အပြင်ဘက်ကို ငေးကြည့်ပြီး
တိတ်ဆိတ်ငြိမ်သက်နေတော့  ဂျုံအင်နဲ့ရှီးယောင်း တစ်
ယောက်နဲ့တယောက်  မေးဆတ်ပြမိကြသည် ။ အခြား
ဝန်ထမ်းကောင်လေးတွေကို  လိုအပ်တာတွေ ညွှန်ကြား
ရင်း  သူတို့မှာ အလုပ်ကိုယ်စီရှိနေပေမဲ့  ချန်းယောလ်
ကတော့   မှိုင်တွေငေးမောကောင်းနေ၏ ။

"  အဲ့ဒီကောင် ဘာဖြစ်နေပြန်ပြီလဲ ဂျုံအင် "

" ညက အမူးလွန်ပြီး ဖုန်းဆက်မိလို့တဲ့ "

ရှီးယောင်းက တဟားဟား ထရယ်တော့ ချန်းယောလ်က
လှည့်မကြည့်ပေမဲ့  လက်သီးထောင်ပြလိုက်သေးတယ်။

" ဟေ့ကောင်  ဖုန်းဆက်မိတော့ကော ဘာဖြစ်လဲ ၊ မင်း
သတ္တိမရှိပုံကတော့  သောက်တာပဲ ကယ်တင်နိုင်တော့
မယ်ထင်တယ် ဟဟား  "

" သွားမရယ်နဲ့ ၊ အဲ့ကောင် ဖုန်းဆက်ပြီး အတည်ပေါက်
တွေ ဝန်ခံနေတာ  ငါလဲ ဝင်မတားဘဲ ငြိမ်နေလိုက်တာ။
သူ့ဘာသာပြောပြီး   ငိုလဲငိုနေသေးတယ် "

"  ပတ်ချန်းယောလ်က ငိုပြန်ပြီလား ၊ အဲ့ဒီကောင်က မူး
လာပြီဆို  ' ဘတ်ဟျွန်းနီ ' လို့ တသသခေါ်ပြီး ငိုတော့
တာပဲ  "

အနီးကပ်ပေါင်းသင်းလာတဲ့  သူငယ်ချင်းတွေမို့  ချန်း
ယောလ်အကြောင်း နှောကြေနေပါပြီ ။ဗြောင်ဘတ်ဟျွန်း
နဲ့ ပက်သတ်မိတဲ့နောက်ပိုင်း မူးလာရင်  ငိုတယ် ။ပြီးရင်
မူးမူးရူးရူးနဲ့ Fb မှာ စာလုံးပေါင်းအမှားတွေနဲ့ စာတွေ
တင်မယ်  ။  အဲ့ဒီနောက်မှာတော့ မူးပြီး မှောက်မယ် ။
သူတို့တွေလဲ  ချန်းယောလ်နဲ့သောက်ရမှာကို တော်
တော်လေးသတိထားရပြီး  ကြောက်နေရသည်။ဒီကောင့်
ကို  လိုက်ထိန်းပေးနေရမှာတင်  သောက်ထားသမျှ အ
ကုန်  ကြက်ပျောက်ငှက်ပျောက် ပျောက်ရှကုန်ပါကော။

အသံပေးလို့ ရွာချလာတဲ့  မိုးပေါက်တွေကြောင့် ထိုင်နေ
ရာကနေ ဝရုန်းသုန်းကား  မတ်တပ်ထရပ်တဲ့ ချန်းယော
လ်ကြောင့်  ထိုင်ခုံတောင်  လဲပြိုတော့မတတ် ။ ဝန်ထမ်း
တယောက်ဆို  လန့်ဖြန့်ပြီး  ကိုင်ထားတဲ့  ဖန်ခွက်ကို
လွတ်ကျမိတော့မတတ်  ဖြစ်ပျက်သွားရတယ်  ။

Sweet Memories With HimWhere stories live. Discover now