|| MY ||

6.5K 1.2K 65
                                    


ချန်းယောလ်ကို  သဘောမကျတော့ဘူးဆိုတဲ့ ကောင်
လေးက သူ့ရဲ့တနေ့တာမှာ ချန်းယောလ်အကြောင်း မ
ပါဝင်လာအောင်  စကားတွေ အများကြီး လိုက်ပြောနေ
ပြီး သူ့ကိုယ်သူ အာရုံလွှဲပြောင်းနေတယ် ။ သူငယ်ချင်း
တွေနဲ့ ကန်တင်းသွားထိုင် ၊ တယောက်နဲ့ တယောက်
ပျော်ပျော်ပါးပါးစနောက်ကြပြီး ရယ်ရတဲ့ဟာသတွေကို
တဟားဟား အော်ရယ်ပစ်တယ် ။

သင်နေတဲ့ စာကို  စိတ်ဝင်တစားလိုက်မှတ်ပြီး စာထဲမှာ
ပဲ အာရုံနစ်ထားတာမျိုး ၊ ကောင်မလေးတွေ အကြောင်း
ပြောနေတဲ့ သူငယ်ချင်းတွေကြား သွားဝင်နားထောင်
တာမျိုး ၊ စိတ်ကို လွတ်လပ်ပေါ့ပါးအောင် ထားတယ် ။

" Crush ကို တဖက်သတ် လမ်းခွဲပစ်လိုက်ခြင်း "
ပေါ့ ။ ဘတ်ဟျွန်းက သူ့ဘာသာတွေးပြီး သဘောတကျ
ရယ်သေးတယ် ။ ကျွန်တော်တို့ ဒီလို လုပ်ပစ်လို့ ရတာ
ပဲပေါ့ ။ သူမသိပေမဲ့ ကျွန်တော်တို့ဘက်ကလဲ လမ်းခွဲ
နိုင်ပါတယ် ။ ကိုယ်ပဲ ချစ်ခဲ့ရပြီး ကိုယ့်ဘက်ပဲ စတင်
လမ်းခွဲကြမယ် ။ ဒီဒဏ်ရာကို သူ့ကို လစ်လျူရှု့ ခြင်းတွေ
နဲ့ ကုစားပစ်မယ် ။ ကျွန်တော့်တနေ့တာအတွေးတွေထဲ
မှာ  သူမပါနိုင်တော့ဘူး ။ ကျွန်တော်တို့ စိတ်တွေ လွတ်လပ်ပေါ့ပါးသွားတယ် ။

တဖက်သတ်ဆန်ဆန် လမ်းခွဲထားတဲ့ ဘတ်ဟျွန်းလေး
က သူစိတ်ကျေနပ်သမျှ အကုန်လိုက်လုပ်ပစ်နေတယ်။
သူ ဖုန်းကိုတောင်  ဖွင့်ကြည့်ဖို့ ဆန္ဒမရှိလေအောင် သူ
ငယ်ချင်း အပေါင်းအဖော်တွေနဲ့ ကျောင်းလစ်တယ် ။

" ဘတ်ဟျွန်း   ကြည့်စမ်း ဒီကောင်မလေးလှလား "

"  တော်တော်လှတယ်  ငါ သဘောကျတယ် ဟဟား"

ကောင်မလေးတွေအကြောင်းပြောရင်လဲ စပ်စပ်စုစု ဝင်
ပါပစ်လိုက်တာပဲ ။ ကျွန်တော်က သူ့တယောက်ထဲကိုပဲ
အရူးအမှူးစွဲလန်းနေစရာမှ  မလိုတာ ။ ကိုယ့်ကိုတောင်
ဂရုတစိုက် စကားပြောဖော်မရတဲ့ သူ့ကို ကျွန်တော်က
ဒီလောက်ထိ ရူးသွပ်နေရမှာလား ။ ဆိုင်သူရှိသွားတဲ့ လူ
တယောက်ကို ကျွန်တော်က တမ်းတမ်းစွဲ မဖြစ်သင့်
တော့ဘူးလေ ။

အဖွဲ့လိုက်  အတန်းချိန်တွေမတက်ဘဲ မြို့ထဲသွားကြ
တယ်  ။ လျှောက်သွားကြပြီး စားသောက်ကြ ၊ ဂိမ်း
ဆော့ကြနဲ့ အချိန်တွေကို ဖြုန်းပစ်လိုက်တယ် ။ တနေ
ရာပြီး  တနေရာကို လျှောက်လည်ကြပြီး ခြေကုန်လက်
ပန်းကျတဲ့အထိ  လျှောက်ဆော့ပစ်ကြတယ် ။ သူ့ အ
ကြောင်း ဘာဆိုဘာမှ မတွေးမိတဲ့အချိန် စိတ်တွေက
ငှက်မွှေးလို ပေါ့ပါးသွား၏ ။

Sweet Memories With HimWhere stories live. Discover now