|| I Love You More Than I Can Say [ Final] ||

7K 1K 60
                                    


ချန်းယောလ်သို့

ဒီရက်ပိုင်း  ချန်းယောလ်သာမရှိရင် ဒီလိုပြုံးပျော်နိုင်ပါ့မ
လားဆိုတဲ့ အတွေးမျိုးတွေးကြည့်မိခဲ့ပြီး မျက်ရည်ကျခဲ့
တယ် ။ ခက်ခဲခဲ့တဲ့ အတိတ်တွေကို ပြန်တွေးကြည့်မိခဲ့
ရင်တောင် လှပခဲ့တဲ့အတိတ်ပါလ်ို့ ခေါင်းစဉ်တပ်ခဲ့လိုက်
တယ် ။ ကျွန်တော်တို့ ပထမဆုံးဆုံတွေ့ခဲ့တဲ့ အချိန်ကို
ကျွန်တော် တိတိကျကျမှတ်မိနေသလို ချန်းယောလ်က
ရော မှတ်မိနေပါရဲ့လား ။ကျွန်တော်ကတော့ ကျွန်တော့်
ဘဝထဲ ချန်းယောလ် ဝင်လာခဲ့တဲ့အချိန်ကစလို့ အခုအ
ချိန်ထိ  ချန်းယောလ်နဲ့ပတ်သက်ရင်  အရာအားလုံးကို
မမေ့မပျောက်  မှတ်မိနေတုန်းပါပဲ  ။

ပင်ပန်းခက်ခဲ့တဲ့အချိန်တိုင်း နွေးနွေးထွေးထွေး ပွေ့ဖက်
ပေးခဲ့တဲ့   ကျွန်တော့်ရဲ့တနေ့တာမှာ တခုတည်းသော
အနားယူရာနေရာ ။ အပြုံးတွေနဲ့ ဆီးကြိုလင့်ပြီး ပွေ့ဖက်
နှစ်သိမ့်ပေးခဲ့တဲ့  အနွေးထွေးဆုံး  ရင်ခွင်ကျယ် ။ ဘာပဲ
ဖြစ်ဖြစ်  အနားမှာ  ကိုယ်ရှိနေပါတယ် လို့ ကျောပြင်ကို
တဖွဖွပုတ်လို့ အားပေးနှစ်သိမ့်ပေးလေ့ရှိတဲ့  သူ ။

ကျွန်တော်ကတော့  ချန်းယောလ်တယောက်ထဲနဲ့တင်
လုံလောက်တယ်ဆိုတာကို  စကားနဲ့မပြောပြရင်တောင်
ကျွန်တော့်မျက်ဝန်းတွေကနေတဆင့် ချန်းယောလ် သိ
နိုင်တယ်မလား ။

ကျွန်တော်နဲ့ချန်းယောလ်က နေ့ရက်တိုင်း ၊လှုပ်ရှားမှု
တိုင်းမှာ တူတူရှိကြမယ် ။  မနက်မိုးလင်း  မျက်လုံးဖွင့်
တာနဲ့ ချန်းယောလ်ပို့တဲ့ စာတစောင်နဲ့ နေ့တနေ့ကို အစ
ပြုပြီး  ကြိုးကြိုးစားစား ဖြတ်သန်းပါ့မယ် ။ အပြန်အလှန်
စာတွေပို့ရင်း  အားပေးစကားပြောပြီး ၊ အချိန်တိုင်းမှာ အတူရှိနေပေးကြမယ် ။ ဝမ်းနည်းတဲ့အခါ နှစ်သိမ့်ပြီး ၊
စိတ်ဓာက်ကျတဲ့အခါ  အားပေးပြီး ၊ ပျော်စရာတွေရှိလာ
တဲ့အခါ  အတူတူရယ်မောကြပြီး  လက်ချင်းတွဲလို့ အချိန်
တွေကို  ဖြတ်ကျော်ကြမယ် ။

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ တွေ့ကြပြီး ဘေးချင်းကပ်
ထိုင် တူတူသောက်ကြမယ် ။တခါတလေ နေရာကောင်း
ကောင်းကို  ခရီးတူတူသွားကြပြီး  ပျော်စရာတွေ ဖန်တီး
ကြမယ် ။ သိပ်လှတဲ့ ရူခင်းတွေကို ချန်းယောလ်ရင်ခွင်
ထဲကနေကြည့်မယ် ။ သွားချင်တဲ့နေရာအနှံ့ ကိုယ်တိုင်
ကားမောင်းပြီး လိုက်ပို့ပေးတဲ့  ချန်းယောလ်က ကျွန်
တော့်အတွက်   လိုရာတောင်းဆုကို ဖြည့်ဆည်းပေးမဲ့
သူပါပဲ  ။

Sweet Memories With HimOpowieści tętniące życiem. Odkryj je teraz