I Can Hear Your Voice - 1(Z,U)

61.5K 2.5K 68
                                    

(Zawgyi)

ကျယ်ပြောလှသောကောင်းကင်ကြီးထက်တွင် အဝါရောင်အသွင်နှင့် စွမ်းစွမ်းတမံထွန်းလင်းပေးနေသည့် နေမင်းကြီးက ခန့်ခန့်ထည်ထည် နေရာယူလျက်ရှိသည်။မိုးပြာရောင်ကောင်းကင်ကြီးသည် ထီးထီးတည်းအလင်းပေးနေသည့် သူရိန်နေမင်းကြောင့် ဂုဏ်ယူနေသည့်ဟန် နှင့် ကြည်ပြာရောင်အရိပ်များကို ဖန်တီးပေးနေလေ၏။တကျီကျီတစာစာအော်မြည်တမ်းနေသော ငှက်အပေါင်းတို့ ရှင်းသန့်နေသည့် လေပြေတို့နှင့်အတူ အုပ်စုလိုက်ပျံသန်းနေလျက်ရှိပေသည်။

မိနစ်အနည်းငယ်အကြာတွင် ရေခဲမုန့်သဏ္ဍာန် စားချင်စဖွယ်အပြည့် ရှိနေသော ဖြူစွတ်စွတ် တိမ်စိုင်တိမ်လိပ်တို့သည် ကြည်လင်နေသည့် အပြာရောင်ထက်တွင် ဟိုတစ်စု ဒီတစ်စု နေရာယူလာကြကုန်သည်။
လိမ္မော်ရောင်၊အနီရောင်ရှိသော ရောင်ပြေးတို့ ရောင်စုံ အရိပ်တွေ ဖြစ်ပေါ်လာလျက် မကြာခင်အချိန်အတွင်းမှာပင် ကြည်စင်သည့် မိုးစက်ကလေးတွေ တဖွဲဖွဲ မြေပြင်ဆီသို့ ဆင်းသက်လာခဲ့တော့သည်။

ပြာလဲ့သာယာနေခဲ့သည့် ကောင်းကင်ကြီးမှာ ရုတ်တရက်ဆိုသလို မည်းမှောင်၍လာခဲ့သည်မှာ ယခုချက်ချင်းပင် ပြိုကျတော့မယောင်.....။ပျားပတန်းခတ် လှုပ်ရှားသွားလာနေကြသည့် လူအုပ်ကြီး မှာ စက္ကန့်အပိုင်းအခြားလေးမှာတင် ဆိုင်တွေထဲ မိုးခိုသည့်သူကခို...ထီးတွေ ဖွင့်ဆောင်းသည့် သူက ဆောင်းနှင့် အလုပ်တွေရှုပ်ကုန်ကြကုန်သည်။အချိန်အားဖြင့်...နံနက်ရှစ်နာရီခွဲခန့်သာရှိသေးသည်။ကလေးတွေ ကျောင်းသွားချိန် လူကြီးတွေ အလုပ်သွားချိန် လည်း ဖြစ်၏။

ခြောက်သွေ့နေသည့် မြေပြင်တို့မှာ တစ်ခဏအတွင်း မိုးရေများ စိုစွတ်လာကုန်လေကာ အစိမ်းရောင် ပတ်ဝန်းကျင်အဖြစ် ဖြစ်တည်ကုန်တော့​၏။စိမ်းစိုနေသည့် သစ်ပင်ပန်းမံများမှာ မိုးရေထဲတွင် အစွမ်းကုန်လှပနေလေသည်။တရစက် တိုက်ခတ်လာသည့် မြောက်ပြန်လေအေးကြောင့် မိုးစက်မိုးပေါက်ကြားတွင် သစ်ကိုင်း၊သစ်ခတ်များ တလူလူ ယိမ်းနွဲ့နေခဲ့သည်မှာ စိမ်းလန်းနေသည့် ပန်ချီးကားတစ်ချက်နှင့်ပင် တူနေလေတော့​၏။

I Can Hear Your Voice (Completed)Where stories live. Discover now