I Can Hear Your Voice-10(Z,U)

9.7K 1.3K 30
                                    

(Zawgyi)

ဝိုင်တို့ တစ်ညအိပ်ပြီး မနက်စောစောမှာပင် ထိုမြို့မှ ထွက်ခဲ့လိုက်တော့သည်။တည်ကြည်ကလည်း မြန်မြန် ပြန်ချင်နေခဲ့သည့်အပြင် ဝိုင်ကိုယ်တိုင်ကလည်း ဘာရယ်ကြောင့်မှန်းမသိ စိတ်ထဲမသိုးမသန့် ဖြစ်နေတာကြောင့် စောစောစီးစီးပင် ပြန်ခဲ့လိုက်တော့သည်။ဝိုင့်တာဝန်လည်းကျေပွန် ခဲ့ပြီမို့ စစ်ရန်ရှင်းဆိုသည့် ကောင်လေး ဘယ်လိုဘယ်ပုံ ဖြစ်နေပြီလည်းဆိုတာ မသိချင်တော့။

မန္တလေးသို့ ပြန်ရောက်တော့ မနက်ခြောက်နာရီ ခန့်သာရှိနေသေးသည်။ခရီးပန်းတာကတစ်ကြောင်း မနက်ငါးနာရီမထိုးခင်လောက်က အစောကြီးထပြန်ခဲ့တာကြောင့် ခြေထောင်တွေပင် မသယ်ချင်တော့ကာ လူကနုံးချိနေသည်။အိပ်ချင်နေတာတွေပါ အဆစ်ပါနေတော့ တိုက်ခန်းလှေကားတွေထိပင် မတက်နိုင်တော့။

တည်ကြည် ကတော့ အေးဆေးပင် ။နဂိုတည်းက ကိုယ်ခံအားကောင်းသူရယ်မို့ အိတ်တွေကိုပင် ဒိုင်ခံသယ်ကာ ဇိုးဇိုးဇက်ဇက်နှင့် တက်သွားခဲ့တော့သည်။

" အား...ဘာတွေလဲ..."

" ဟင်..."

တိုက်ခန်းတံခါးကိုဖွင့်ဖွင့်လိုက်ချင်းမြင်ရသည့်မြင်ကွင်းကြောင့် ဝိုင်နှင့် တည်ကြည် နှစ်ယောက်သားကြက်သေသေဖြစ်သွားခဲ့ရသည်။

ဆိုဖာခုံတွေ ကြမ်းပြင်ပေါ်မှာ ဝရုန်းသုန်းကားလဲကျနေကာ တည်ကြည် အမြဲဖတ်လေ့ရှိသည့် စာအုပ်တွေ ဆိုတာကလည်း ကြမ်းခင်းပေါ်တွင်ပြန့်ကျဲနေလေသည်။

" သူခိုးဝင်တာလား..."

တည်ကြည် ကပြောပြောဆိုဆို...တိုက်ခန်းထဲအမြန်ဝင်သွားကာမကြောက်မလန့် နှင့် သွားစစ်ဆေးကြည့်တော့သည်။ဝိုင်လည်း ဇဝေဇဝါ နှင့် တည်ကြည် နောက်ကိုအမြန်လိုက်သွားလိုက်ရသည်။ပစ္စည်းတွေပြန့်ကျဲအဝတ်တွေပြန့်ကျဲနေတာကလွဲလျှင် ဘာပစ္စည်းဘာပိုက်ဆံမှ မပျောက်ပေ..။ဒါဆို...သူခိုးမဖြစ်နိုင်။ဒါဖြင့် ဘာကြောင့် ဝိုင်တို့ နေသည့် တိုက်ခန်းဟာ ဒီလိုအခြေအနေတွေဖြစ်နေရတာလဲ...။
ဝိုင်နှင့် တည်ကြည် နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြလေသည်။

I Can Hear Your Voice (Completed)Where stories live. Discover now