I Can Hear Your Voice-18(Z,U)

8.5K 1.1K 14
                                    

(zawgyi)

သော်သတိရလာခဲ့ပြီဆိုတော့သော့်အခန်းထဲမှာ ဆရာဝန်တွေရော ပုလဲရော ဘိုကောင်းရော စစ်သွေးပါ တစ်ယောက်မကျန် အကုန်လုံးဝရုန်းသုန်းကား နှင့် အကုန်စုပြုံရောက်နေကြသည်။

ဆရာဝန်က နားကျပ်ဖြုတ်ပြီး အဆင်ပြေကြောင်းပြောလာခဲ့သည့်အခါ အကုန်စိတ်အေးသွားခဲ့ရသည်။လအနည်းငယ်လောက်သာ ကိုးမားဝင်ခဲ့သည်မို့ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းက ရက်ကြာကြာလုပ်စရာမလိုဟု လည်း ပြောသေးသည်။ညနေ တစ်ခေါက်ပြန်လာကြည့်မည်ဟု ပြောပြီး အခန်းထဲမှ ဆရာဝန်တွေ ထွက်သွားကြတော့သည်။

ပုလဲမှာ အိမ်မက်လား လက်တွေ့လားဆိုတာ မယုံကြည်နိုင်။

ဘိုကောင်းနှင့်စစ်သွေးလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်ရည်တွေရစ်ဝဲကာ အဆင်ပြေသွားပြီဟု ပြောနေမိ၏။

သော် တကယ်ပဲ သတိရလာခဲ့ပြီ။

သော်....သူဘယ်လောက်ကြာအောင်သတိမေ့နေခဲ့သလဲ။သူဘာမှမမှတ်မိပါ။သူသိတာက
သူaccidentဖြစ်ခဲ့သည်။သတိရလာတော့ ဆေးရုံမှာရောက်နေပြီ...။သူ နိုးနိုးချင်းမှာ သူ့မျက်ဝန်းမှ မျက်ရည်တွေ တာကျိုးသလို စီးကျနေပြီးမှ နိုးလာခဲ့သည်ကို သူခံစားမိသည်။အိမ်မက်ဆိုးမက်ခဲ့လေသလားမသိပေ...။အရေးတယူ ပြန်စဉ်းစားကြည့်မိတော့ သူ့မှတ်ဉာဏ်တွေထဲ ဘာတစ်ခုမှရှိမနေ....။အားလုံးအနက်ရောင်သက်သက်ဗလာကြီးပင်....။ဆရာဝန်တွေ သူ့ကိုစစ်ဆေးစရာရှိတာစစ်ဆေးပြီးသွားတော့သူကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်လိုက်သည်။သူ မထနိုင်သေး၍ပုလဲက သူ့လက်မောင်းကိုကိုင်ကာ ထူပေးလေသည်။

" မင်းတို့သုံးကောင်ပဲလား....အလင်းရော..."

သူ အားယူပြီးမေးလိုက်၏။အလင်းက တကယ်ဆို ဒီမှာရှိနေရမှာမလား။

" လင်းက စင်ကာပူမှာပဲ...သူ့အဖေပြန်
မလွတ်သေးဘူး..."
ပုလဲက ပြုံးပြီးအဖြေပေးလိုက်သည်။ထိုအဖြေကြောင့် သော် မကျေမနပ်ဖြစ်လို့သွားကာ ရှူးရှူးရှားရှားဖြစ်သွားခဲ့သည်။

" ဟာ...ဒါဆို...ငါသတိလစ်နေတဲ့အတောအတွင်းဒီကောင်ရောက်မလာဘူးပေါ့..."

I Can Hear Your Voice (Completed)Where stories live. Discover now