I Can Hear Your Voice-22(Z,U)

8.4K 1.1K 10
                                    

(zawgyi)

အလင်း သူနှင့်အ​ခြေအတင်​ စကား​ပြောပြီးသည့်​​နောက်​မှာ...သူ့ကိုစိတ်​ပျက်​​နေသည့် အမူအယာနှင့်တစ်​ချက်​ကြည့်​ပြီး..ပြန်​သွားခဲ့​​လေသည်​။
သူလည်း စားပွဲဝိုင်း​​တွင် ​ရှုပ်​ပွသမျှအရာ​တွေကို
မရှင်းနိုင်​​သေးပဲ စိတ်​​မောစွာဖြင့်​ကြမ်းပြင်​​ပေါ်တွင်​ထိုင်​ချလိုက်​မိသည်။သူ့စိတ်​ကိုသူ မခန့်​မှန်းနိုင်​စွာ ကျစ်​ ခနဲ စိတ်​ပျက်​စွာ စုတ်​သပ်​မိသည်​။
မျက်​လုံး ​တွေကို​မှေးမှိတ်​ထားလိုက်​​တော့နားထင်​နားဆီမှ ​သွေး​ကြော​တွေ တဒုတ်​ဒုတ်​ခုန်​​နေတသတိထားလိုက်​မိသည်​။

ဝိုင်​​သောက်​ထားမိသည်​ကတစ်​​ကြောင်း စိတ်​မကြည်​သည်​ကတစ်​​ကြောင်းမို့ သူ့ အာရုံ​တွေ​ဝေးဝါးလာကာ လူကမူးချင်​ချင်​ဖြစ်​လာသည်​။ကဲတုန်းကကြအတူ ကဲခဲ့ကြပြီး သန့်ရှင်းရေးလုပ်သည့်အခါမှ ဒီအတိုင်းပစ်​သွားခဲ့ကြ​သော သူ့သူငယ်​ချင်းအုပ်​စုကို ခပ်​တိုးတိုး ဆဲ​ရေးရင်း သူကိုယ်​တိုင်​လည်း မရှင်းနိုင်​သေးသဖြင့်​ ​ကိုက်​​နေသည့်​​ခေါင်းကို အညောင်းအညာပြေရန် ဘယ်​ပြန်​ဘာပြန်​ချိုးကာ သူ့အခန်းထဲသို့ဝင်​ခဲ့လိုက်​သည်​။

" အားလားလား...​ခေါင်း​တွေကိုက်လိုက်​တာ...."

နားထင်​ နှစ်ဖ​က်ကို လက်​နှစ်ဖက်​ဖြင့်​ နှိပ်နှယ်​လိုက်​ရင်းတစ်​​ရေးတစ်​​မော အိပ်​ရန်​ အိပ်​ယာ​ပေါ်သို့လှဲလိုက်​သည်​။မအိပ်​လို့လည်း မရ​တော့...။နို့မို့ဆို ဟို​ကောင်​​တွေ barသွားဖို့လာ​ခေါ်သည့် အချိန်​လိုက်​နိုင်​မည့် အ​ခြေအ​နေရှိပုံမ​ပေါ်။ခေါင်းအုံး​ပေါ်​မှောက်​ကာ အိပ်​​ပျော်​ ​အောင်​ အိပ်​လိုက်​​လေသည်​။

မြူ​တွေအရမ်း​ဝေ​နေသည့် သူမသိသည့် ပတ်​ဝန်းကျင်​ တစ်ခု...။
မြူနှင်း​တွေ အုပ်​ဆိုင်း​နေသည်က ​ကြောက်​ဖို့​ကောင်းလှသည်​။သူ ဘာကိုမှ မမြင်​ရ​တော့..။
သူဘယ်​ကို​ရောက်​​နေသည်​လဲ....​နေဦး...။
မဟုတ်​​သေးဘူး...။သူ...သူက...ဘယ်​သူလဲ။
သူ့နာမည်​ဘယ်​သူလဲ ဘာ​ကြောင့်​ဒီ​နေရာကို
ရောက်​​နေရတာလဲ...။အ​တွေး​တွေက ​သွေး​ကြောတွေထဲမှ တစ်​ဆင့်​ ဦး​နှောက်​ထဲထိ တိုင်အောင် စီးဆင်းသွား​တော့သည်​။ကြက်​သီး​မွေးညင်း​တွေထတက်​လာကာ ​ကြောက်​စိတ်​တွေ ကြီးစိုး​နေပြီး နားထင်​တစ်​​လျှောက်​ ​ချွေး​တွေစီးကျလာ​လေသည်​။

I Can Hear Your Voice (Completed)Where stories live. Discover now