I Can Hear Your Voice-11(Z,U)

9.6K 1.3K 30
                                    



(Zawgyi)

" မင်းသရဲဆိုတာငါသိတယ်....အေး ဘာကြောင့်ငါ့ကို ဒီလိုတွေလိုက်နှောင့်ယှက်နေရတာလည်းဆိုတာ နားမလည်တာ...ကြည့်စမ်း ပစ္စည်းတွေပြန့်ကျဲထားလိုက်တာတစ်ခန်းလုံးရှုပ်ပွနေတာပဲ..."

ဝိုင်က ဒေါသထွက်လွန်းလို့ မနေနိုင်စွာ အော်ပြောလိုက်မိသည်။အသံက တော်တော်လေးကိုကျယ်ထွက်သွားခဲ့သည်..။အနှီဝိဉာဉ်က လန့်သွားသည်ထင်
အပ်ကျသံပင် မကြားတော့သည်အထိ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ဝိုင်သက်ပြင်းခပ်ဖွဖွချလိုက်မှ သရဲကောင်အသံကထွက်ပေါ်လာခဲ့သည်။

" တောင်းပန်ပါတယ် တောင်းပန်ပါတယ်...အဲ့စကားလုံးကလွဲ ငါ့မှာ ဘာမှပြောစရာစကားမရှိတော့ပါဘူး..."

ဒီတစ်ခါ တိတ်ဆိတ်သွားခဲ့သည်က ဝိုင့်ဘက်ကပင်။
ဒီ ဝိဉာဉ်က ထူးဆန်းသည်။အိမ်မက်ထဲမှ တစ်ဆင့် ဆက်သွယ်ဖို့  ကြိုးစားခဲ့သည်မဟုတ်ပဲ ဝိုင့်ထံ တိုက်ရိုက်ဆက်သွယ်လာသည်။သူက ဝိုင့်အခန်းထဲမှာ နေထိုင်နေသည့် ဝိဉာဉ်တစ်ကောင်...ထို့ကြောင့် ဝိုင်နှင့်အပြင်မှာ စကားပြောလို့ ရခဲ့သည်လား။

ဝိုင် တော်တော်လေးတော့ ထူးဆန်းသွားသည်။ဒီ ဝိဉာဉ်က ဝိုင့်အနား ဘာလို့ လာကပ်တွယ်နေသည်လဲ။ဝိုင့်ဆီ ရောက်လာခဲ့သမျှဟာ သူတို့ကျွတ်လွတ်ဖို့အတွက် သူတို့စွဲလမ်းသူတွေထံ အကြောင်းအရာ ပါးပေးရတာဖြစ်သည်။

အခုက ဘာလဲ ဝိုင် မျက်မှောင်ကြုတ်ပြီး အဖြေရှာလိုက်သည်။

" တကယ်တော့ငါစိတ်ရှုပ်လို့ပါ...ငါစိတ်တွေရှုပ်ထွေးနေလို့ ငါ့ကိုယ်ငါကြောက်လို့လုပ်မိလုပ်ရာတွေငါလုပ်နေမိတာပါ..."

အသံက နောက်ဆုံးတိမ်ဝင်သွားခြင်းနှင့်အတူ
တိတ်ဆိတ်ခြင်း မှာအဆုံးသတ်သွားခဲ့သည်။
ဝမ်းနည်းဖို့ ကောင်းစွာပြောလိုက်သည့်အသံ
ငိုသံပါ နှစ်ဝင်နေသည် မို့ ဝိုင့်မှာ စဉ်းစားနေရင်း ဘာပြောလို့ပြောရမှန်းမသိအောင်ဖြစ်သွားခဲ့ရသည်။

အခုပုံစံက ဝိုင်ကပဲ သူ့ကို အဆိုးတွေချည်းပြောပြီး ဆူဆဲနေသလိုပင်။

I Can Hear Your Voice (Completed)Where stories live. Discover now