I Can Hear Your Voice-16(Z,U)

8.6K 1.2K 21
                                    

(Zawgyi)

ပုလဲတို့အုပ်စုနှင့် ဝိုင်ခင်မင်လာကြတာ အတော်အတန်ကြာလာခဲ့သည်။ဘိုကောင်း၊စစ်သွေးတိုနှင့် ပိုရင်းနှီးလာခဲ့သလို ပုလဲကိုလည်း ညီမလေးအရင်းတစ်ယောက်လိုပုလဲကလည်း ဝိုင့်ကိုအစ်ကိုတစ်ယောက်လိုခင်တွယ်လာခဲ့သည်။

တခါတလေ ပုလဲက ဝိုင့်ကိုသင်တန်းလာကြိုပေးသည်။ဒီနေ့လည်း ပုလဲက ဝိုင့်ကိုသင်​တန်းလာကြို​ပေးရင်း...အသစ်​ရ​နေ​သော ချစ်​သူနှင့်​မိတ်​ဆက်​​ပေးမည်​ဟုဆို​သော​ကြောင့်​ ဝိုင်ပုလဲ​ခေါ်ရာနောက်သို့လိုက်​လာရပြန်သည်​။ပုလဲတို့ခဏခဏ ထိုင်နေကြဖြစ်​သည့်​ Forever အအးဆိုင်​​လေးမှာဖြစ်​​သည်​။

" ကို....​ရောက်​​နေတာကြာပြီလား..."

ပုလဲ က​ထောင့်​ကျကျတစ်​​နေရာတွင်​ထိုင်​​နေ​သော
သူမချစ်သူကို ​လှမ်း​ပြောရင်း ထိုင်ခုံတွင်ပုလဲရောဝိုင်ပါ​ ဝင်​ထိုင်​​လိုက်သည်​။

" ဟင်​....ကိုဆက်​..."

ဝိုင်သည်​ သူ့ရှေ့တွင်​ရှိ​နေ​သော လွမ်းဆက်​သူ
ကိုမျက်​လုံးပြူးနှင့်​ကြည့်​ကာ နှုတ်​မှလည်း...တအံ့တသြ​ရေရွတ်​လိုက်မိ​လေသည်​။လွမ်းဆက်​သူကလည်း ဝိုင့်ကိုမြင်​​တော့ ပါးစပ်​အ​ဟောင်းသားနှင့်
အံ့သြသွားလေသည်​။ဘယ်လောက်ဆန်းကြယ်သည့် ကံတရားလဲ...။ထာဝရသော် လက်ထဲက ပုလဲ
ကို ခိုးယူခဲ့သည့်သူက ဝိုင်တို့နှင့် တစ်နယ်တည်း ကိုဆက်ပါတဲ့လား။ ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ။

အံ့သြနေလွန်းလို့ ဝိုင်နှင့်ကိုဆက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားတောင်မပြောနိုင်ရှာဘူး...။

" ဟယ်​....ဝိုင်နဲ့ကိုနဲ့ကသိ​နေကြတာလား..."

" ​အော်​...အင်​...ဟုတ်​တယ်​....ကိုယ်​နဲ့ ဝိုင်နဲ့က တစ်​နယ်တည်းသား​တွေ ...."

ကိုဆက်​က ဝိုင့်ကိုတအံတသြကြည့်​​နေရာမှ
ပုလဲဖက်​ကိုလှည့်​ကာ​ပြောပြ​လေသည်​။ဝိုင့်
မှာ​တော့ အံသြလွန်းလို့ ဘာစကားတစ်​ခွန်းမှ
မဆိုနိုင်​​သေးပါ...။ပုလဲ ချစ်​သူကဘာလို့ကိုဆက်မှလာဖြစ်​​နေရတာပါလိမ့်​...။ကိုဆက်​မှာရည်းစား
ရှိသည်ဟု ခဏခဏ ပြောတာကြားဖူး​သော်​လည်း...ကိုဆက်​ကောင်မလေးက ပုလဲဖြစ်​​နေလိမ့်​ မည်ဟု ဘယ်​လိုမှမထင်​မှတ်​ခဲ့ပါ...။ဒါဆို ကိုဆက် သြဇီမှာပြသာနာတွေတက်နေသည့်အချိန် ဘေးမှာရှိနေပေးခဲ့တာ ပုလဲပေါ့။ဘယ်အချိန်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပါလိမ့်။

I Can Hear Your Voice (Completed)Where stories live. Discover now