I Can Hear Your Voice - 3(Z,U)

13.4K 1.6K 18
                                    

(Zawgyi)

" အာ.....လန့်လိုက်တာ.....ဝိုင် မင်း ဘာထိုင်လုပ်နေတာလဲ ....."

ရေခဲသေတ္တာထဲကရေကို ယူလိုက်ပြီး တံခါးပြန်အပိတ်မှာ ရုတ်တရက်ကြီး မီးဖိုခန်းထဲ ငုတ်တုတ်ဝင်ထိုင်နေသည့် ဝိုင့်ကိုကြည့်ရင်း တည်ကြည် တကယ်ကို တစ်ကိုယ်လုံး တုန်တက်သွားခဲ့သည်ပင်။

ဝိုင်က မေးတစ်ဖက်ထောက်ပြီး မှိုင်းပျနေသည့် အကြည့်တွေနှင့် တည်ကြည်မေးနေသည်ကိုနှုတ်ဖြင့် မဖြေနိုင် ခေါင်းသာ ခပ်လေးလေး ခါပြမိသည်။ဘယ်သူသိနိုင်မလဲ ဝိုင့်မှာ အသံတွေကြောင့် ဒုက္ခရောက်ပြီး တစ်ညလုံး အိပ်လို့မရနိုင်ဖြစ်ခဲ့သည်ကို။

" ဘာဖြစ်တာလဲ ....နေမကောင်းဘူးလား....."

သေချာပေါက် ခေါင်းခါမိတာပဲ....။ခေါင်းတွေ ထိုးကိုက်နေကာ တကယ်ကြီးကို ဖျားချင်သလိုတော့ ဖြစ်နေသည်။သို့သော် နေမကောင်းတာတော့မဟုတ်။စိတ်အခြေအနေဆိုးနေခဲ့ခြင်းပင်။

ကူညီပါ တဲ့...။
ဘယ်သူက ဝိုင့်ကို ဒုက္ခလိုက်ပေးပြီး တစ်ညလုံး တစ်မနက်လုံး လိုက်နှောင့်ယှက်နေသလဲမသိ။

" ငါ ဒီနေ့ မင်း အဝေးသင် ပြောင်းမယ့်ကိစ္စ...သွားလုပ်ပေးမလို့ကို ဘယ်လိုဖြစ်တာလဲ အားပျက်နေတဲ့ပုံစံနဲ့ ....ငါသွားရလာရမှာတောင် စိတ်မချတော့ဘူး...."

" မင်း တစ္ဆေ သရဲ တွေ ရှိတယ်ဆိုတာ ယုံလား..."

ရုတ်တရက် ထပြောသည့် ဝိုင့်စကားကြောင့် တည်ကြည် မျက်လုံးအပြူးသားဖြစ်သွားခဲ့ရသည်။ဘာကိုတစ္ဆေသရဲလဲ။အိပ်မွေ့ချခံရသည့် အကြောင်းအရာနှင့်များဆက်စပ်နေမလားဆိုသည့်အသိက တည်ကြည်ကို အတော်လေး လန့်စေသည်။

" ဝိုင်....မင်း ဘာတွေပြော..."

" အား....ငါ မသိတော့ဘူး...ငါ ဒီမှာ ခေါင်းတွေပူနေပြီ....ငါ နိုးလာကတည်းက ကြားနေရတာ ဒီ ကူညီပါဆိုတဲ့အသံပဲ....မနက်ထလာလည်း ဒါပဲ ညအိပ်လည်း ဒါပဲ...အခုဆို...အဲ့အသံတွေက ပိုအားကောင်းလာပြီး ငါ့ဆီတည့်တည့် လာနေသလိုပဲ.....ငါ ရူးတော့မယ်...."

စိတ်တွေ တကယ်ရှုပ်ထွေးလာသည်။ခေါင်းမလျှော်ထားသည့် ဆံပင်တွေထဲ လက်ထဲက တဗျင်းဗျင်း ဝိုင် ကုတ်သည်။တည်ကြည်က ဝိုင် ဘာကိုပြောချင်နေမှန်းအခုထိ မသိသေး။

I Can Hear Your Voice (Completed)Where stories live. Discover now