Extra-6

5.4K 930 60
                                    

(zawgyi)
ရှည်လျားလွန်းလှသည့် လှေကားထစ်တွေကို အမြန်
ကျော်လွှားကာ ​သော်တို့ တည်းခိုနေသည့် အခန်းတံခါးကို အမြန်ဖွင့်လိုက်သည်။နောက်...အခန်းတံခါးကို lockချလိုက်သည်။ဝိုင်က နှစ်ခြိုက်စွာပင်
အိပ်မောကျနေတုန်းပင်။
ရေခရားကို စားပွဲခုံပေါ်ချလိုက်သည်အထိ သော့်စိတ်တွေထဲတွင် စိုးရိမ်မှုတွေသာ ကြီးစိုးနေသည်။
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဂဏာမငြိမ်
ဖြစ်နေသည်။အခု သော်တို့တစ်အုပ်စုလုံး သေမင်း
တံခါးဝနားရောက်နေကြသည် မဟုတ်လား။

မတ်တပ်ရပ်ပြီး စိတ်တွေမတည်မငြိမ် ဖြစ်နေလို့မရ
ဘူး။သေချာတာတစ်ခုက...မနက်လင်းတာနဲ့ သော်တို့တစ်ယောက်ကိုတစ်ယောက် တွေ့မှတွေ့ရပါတော့မလား။

အတွေးစတွေဖြတ်ကာ ဝိုင့်ကိုယ်လုံးလေးကို ဆွဲရမ်း
လှုပ်လိုက်မိသည်။

" ဝိုင်.... ဝိုင်..."

" အင်...ဟင်း..."

ဝိုင်က တစ်ချက်တွန့်သွားကာ ဆက်အိပ်သည်။
မဟုတ်သေးဘူး...။ဝိုင်က အအိပ်ဆတ် သည့်ဖ္ဖသူ။
အခုလို နှစ်နှစ်ခြိုက်ခြိုက် လူ၁ယောက်လုံး လှုပ်ရမ်း နေတာတောင် မနှိုးလာပုံထောက်ရင်တော့
သော်တို့ ညစာစားတဲ့အထဲမှာ အိပ်ဆေးတွေ ထည့်
ထားပုံပေါ်သည်။သော်က ကိုတိမ်လွှာနှင့် ထမင်းဝိုင်းမှာ စကားအများဆုံးပြောခဲ့သည့်သူ...။စကားပြောနေလေတော့ ထမင်းကို တို့ခနဲဆိတ်ခနဲသာ စားသည်...။ထို့ကြောင့် သော်က အိပ်ဆေးရဲ့ ဆိုးကျိုးကို ထင်သလောက်မခံလိုက်ရပဲ ခဏလောက်အိပ်ပြီး နိုးလာတာဖြစ်မည်။မကောင်းတော့ဘူး...။ဒါဆို အားလုံးအိပ်မောကျနေနိုင်သည်။

" ဟင်...."
အပြင်ဘက်က အသံတွေကြားလိုက်ရသည်။
သေချာအာရုံစိုက်ပြီးနားထောင်ကြည့်လိုက်တော့
တစ်ယောက်ယောက်ကို ဒရွတ်တိုက် ဆွဲခေါ်သွားသည့် အသံဖြစ်သည်။သော် ကြက်သီးမွေးညင်း ထသွားရသည်။အသံတွေ တော်တော်ဝေးဝေးရောက်သွားတော့ ဝိုင့်ကို အတင်းလှုပ်ရမ်းပြီး နိုးလိုက်သည်။

" ဝိုင် ထတော့ ထတော့...."

" အင်း...သော်..."

ဝိုင်က ညည်းညူလိုက်ကာ မျက်လုံးတို့ကတော့
မဖွင့်လာသေး...။သော် စိတ်မရှည်တော့စွာ စားပွဲခုံ
ပေါ်တင်ထားသည့် ရေခရားကိုဆွဲယူကာ ဝိုင့်မျက်နှာ
နုနုလေးထက်ကို ပတ်လိုက်တော့သည်။

I Can Hear Your Voice (Completed)Where stories live. Discover now