I Can Hear Your Voice-24(Z,U)

8.4K 1.1K 11
                                    

(zawgyi)

" ​ရော့......မင်း​ခြေ​ထောက်​ကိုလည်း မင်းပြန်​ကြည့်ဦး ရော့ ဒီဖိနပ်​ကိုစီးထား....."

နေပါ​စေ ဟု ပြန်​​ဖြေဖို့ရာတွင် သူ့ နှုတ်​ခမ်းက စေးကပ်နေကာ ဘာစကားလုံးမှ ထွက်​မကျလာ​ခဲ့...။အလင်း...လက်​ထဲက...အရက်​ပြန်​နှင့် ဂွမ်း​တွေကို တုန်ရီနေသည့်လက်အစုံနှင့်လှမ်းယူလိုက်ရင်း...အလင်း​ချွတ်​​ပေးလိုက်​သည့်​ ဖိနပ်​ကို အ​ကြောင်​သား ​ငေးကြည့်​​နေမိသည်​။

ဘာတွေဖြစ်ပျက်သွားခဲ့မှန်း အခုထိကို မစဉ်းစားနိုင်သေးသည့်အပြင် စိတ်နှင့်လူနှင့်မကပ်နိုင်သေး။

" ကျစ်​...မင်းလုပ်​​နေပုံမျိုးနဲ့...."

အလင်းက သူ့ပုံစံကိုကြည့်ပြီး စိတ်​မရှည်​​တော့။သူ့လက်​ထဲမှ အရက်ပြန်​နှင့် ဂွမ်းကို ပြန်​ဆွဲယူလိုက်​ကာ...သူ့​ခြေရင်းနားမှာ ​​ဆောင့်​​​ကြောင့်​ထိုင်​လိုက်​ရင်ပြီး မြေပေါ်ရှိနေသည့် သူ့ခြေ​ထောက်​တွေကို ဆွဲကိုင်​လိုက်​သည်​။

" ငါ့ဖာသာ...လုပ်​..."

" ငြိမ်​ငြိမ်​​နေစမ်းပါ...."

သူ့​ခြေ​ထောက်​​တွေကို ကိုင်​ထားသည့်​ အလင်း
လက်​​တွေကို သူ့လက်​​တွေနှင့် ကယောင်ကတမ်း ပြန်လည်ဆုပ်​ကိုင်​လိုက်မိရင်း...အတင်းဖယ်​ချဖို့ပြင်​လိုက်​သည်​။သို့​သော်​...အလင်း
က သူ့လက်​​တွေကို အတင်းပင် ပြန်​ဖယ်​ချပြန်ကာ သူ့​ခြေ​ထောက်​ကဒဏ်​ရာ​တွေကို ​ဆေးထည့်​​ပေးဖို့လုပ်​လိုက်​သည်​။

သူတို့ မိုးသောက်ဝိုင် ၏ ကုတင်​အနီးမှာပဲ
ထိုင်​​နေကြတာဖြစ်​သည်​။သတိမလည်​လာ​သေး
သဖြင့်​ ဘာမှစိုးရိမ်​စရာမရှိ​တော့ဘူးဟု ဆရာဝန်
က မှာသွားသည့်​တိုင်​​အောင်​အကုန်​လုံးက စိုးရိမ်​တကြီးနှင့်​ ​စောင့်​​ကြည့်​နေကြခြင်းဖြစ်သည်​။လှေကားကဘယ်​​လောက်​ပင်​ နှိမ့်​နှိမ့်​ လေးထစ်ငါးထစ်လောက်​က​နေ အရှိန်​နှင့်​ပြုတ်​ကျခဲ့ခြင်းကြောင့် ဘယ် ​ခြေ​ထောက်​​ကျိုးသွားခဲ့သည်​။ဘယ်​ဘက်​လက်​ဖျံလည်းအက်​သွားခဲ့ကာနဖူး ပါ ကွဲသွား၍ လေးချက်​ချုပ်​လိုက်​ရသည်​။နဖူးက​တော့အရှိန်​နှင့် ကျတာ​ဖြစ်ခြင်းကြောင့်​ ကွဲသွားခဲ့သည်​ဟု ဆရာဝန်​ကဆိုခဲ့သည်​။အသက်​အန္တရာယ်​ ဘာမှမထိခိုက်​သွားသည့်​အတွက်​​ကြောင့်​ အ​တော်​​လေးကို ကံ​ကောင်းသွားသည်​ဟုဆိုရမည်​။

I Can Hear Your Voice (Completed)Where stories live. Discover now