Extra-9

5.8K 883 102
                                    

(zawgyi)
" ငါတောင်းပန်ပါတယ် ငါ့ကြောင့်...ငါ့ကြောင့် မင်းတို့ ဒုက္ခရောက်ရတာပါ...."

သော်တို့ အကုန်လုံးသတိရလာကြတော့ vip room
တစ်ခန်းယူလိုက်ကာ အဲ့အခန်းမှာစုနေလိုက်ကြသည်။

အရင်ဆုံးသတိရလာသည်က ကိုဆက်...။နောက်စစ်သွေးနှင့်ဘိုကောင်း၊ပုလဲနှင့်သော်က နောက်ဆုံးမှ
သတိရလာကြသည်။ဒေါက်တာ့ကိုခေါ်ကာ အားလုံး
စစ်ဆေးပြီး အဆင်ပြေပြီဆိုမှ ဝိုင်က စီစဉ်ပေးပြီး
အခန်းပြောင်းခဲ့ကြတာပင်။သတိရလာကတည်းက
ဘိုကောင်းက မျက်နှာမကောင်း။ဘယ်သူမှ ဘိုကောင်းကို အပြစ်မတင်ကြပေမယ့် ဘိုကောင်းကိုယ်တိုင်က စိတ်မကောင်းစွာနှင့်ပြောလာခဲ့ခြင်းဖြစ်သည်။

သော့်ကိုသက်တောင့်သက်သာ ထိုင်နိုင်ရန် ခန္ဓာကိုယ်ကို ကူတွဲရင်း နောက်ကျောမှာ ခေါင်းအုံးခုပေးကာအဆင်ပြေပြေထိုင်နိုင်အောင်လုပ်ပေးနေသည့် ဝိုင်က သက်ပြင်းချလိုက်သည်။နောက်...

" ဘိုကောင်းရေ လျှောက်မတွေးပါနဲ့ကွာ...ငါတို့တစ်ယောက်မှ မထိခိုက်မိကြဘူးလေ...အခုလို မင်းတို့ဆေးရုံတက်နေရတယ်ဆိုတာလည်း မင်းတို့ကိုယ်ထဲဆေးတစ်မျိုးအထိုးခံထားရလို့ပါ မနက်ဖြန်ဆို
ဆင်းလို့ရပြီပဲလေ...တကယ်တမ်းဆို မင်းကြောင့်ပဲ
တရားခံကို ဖမ်းမိခဲ့ရတာလေ...မင်းသာ အဲ့ဒီ့အိမ်ကြီးကို ငါတို့နဲ့အတူ ရောက်မသွားခဲ့ရင် ကိုတိမ်လွှာက လူတွေ ဘယ်နှစ်ယောက်ကို ဆက်ပြီးသတ်နေဦးမလဲ မသိဘူး ဒါကြောင့် မင်းစိတ်ထဲမကောင်းတွေးနေ
တာတွေ ရပ်သင့်တယ်..."

" ဝိုင်ရေ မင်းကဘာမှမဖြစ်တော့ ဘယ်သိမလဲ ငါတို့
မှာ အသေကြောက်နေရတာ..မျက်လုံးလည်း ဖွင့်လိုက်ရော ထိုင်ခုံတစ်ခုပေါ်မှာရောက်နေတယ် ပြီးတော့
ရောက်နေတာကလဲ အလောင်းတွေပြည့်နေတဲ့ အခန်းကြီးထဲမှာ...ဘာမှလုပ်မရ ပြုမရ စကားပြော
ဖို့ ပါးစပ်တောင်ဟလို့မရတဲ့အခြေအနေနဲ့ ဟော ခဏလေးလဲနေရော သော်က ခေါင်းမှာသွေးတွေနဲ့ ဘုတ်ဆို ငါတို့ရှေ့ရောက်လာရော...သေပြီထင်နေတာငါတို့မှာ... ဘိုကောင်း မင်းကိုအပြစ်တင်တာမဟုတ်ပါဘူး...ငါကငါကြောက်လန့်ခဲ့တာကိုပြောပြတာ..."
စစ်သွေးက ကုတင်ကိုမှီကာ မျက်နှာကြီးရှုံ့မဲ့ပြီး
ပြောလာပြန်သည်။သော်က ပတ်တီးအဖွေးသားနှင့်
သူ့ခေါင်းလေးကိုပွတ်သတ်ကာ...

I Can Hear Your Voice (Completed)Where stories live. Discover now