I Can Hear Your Voice-21(Z,U)

8.8K 1.2K 10
                                    

(zawgyi)

ပုလဲတို့ သူငယ်​ချင်း ဆိုလို့ ​ထာဝရ​သော်​လို
ဇီဇာ​ကြောင်​နေလျှင် ဒုက္ခပါပဲ ဟု ဝိုင် ​တွေး​နေမိသမျှ တကယ်​တမ်း ရင်​ဆိုင်​​တွေ့လိုက်​ရသည့်အချိန်မှာတော့ ထိုသူမှာ ဝိုင်နှင့် တစ်​ချိန်​တုန်းက သိခဲ့ဖူးသည့်​ မိုးလင်းယုန်​ ဖြစ်​​နေသည်​။

ဘယ်လိုပဲဖြစ်ဖြစ် ဝိုင့်မှာ မိုးလင်းယုန် ဖြစ်နေခဲ့သည့်အတွက်ကြောင့် အတော်လေး ​ကျေနပ်​သွားခဲ့ရသည်​က​တော့အမှန်​ပင်​ဖြစ်​သည်​။ဝိုင် ၏ တမူထူးခြားနေသော စိတ်စွမ်းအင်ကို ယုံကြည်​​ခဲ့ဖူးလေသော ပထမဆုံးလူ မဟုတ်ပါလား....။

သော့်​လို ယောကျာ်းကြီးတန်မဲ့ ဝိုင့်ကို လိုက်ပြီး မခနဲ့တတ်လေ​ဘူး...။ရန်​စကား​တွေချည်းလည်းလိုက်​​ပြော​နေမှာမဟုတ်​​ပေ..။ရင်​ထဲက အလုံးကြီးကျသွားခဲ့ရတော့သည်။ဘို​ကောင်းကိုလည်း မြင်​ဖူး​ခဲ့နေပါသည်ဟု ခံစား​မိနေတာ...မိုးလင်းယုန်​ ကိုမြင်​မိခါမှပဲ ဘို​ကောင်းကိုမှတ်​မိလာသည်​။

မိုးလင်းယုန်​ကို​ ကျောင်းမှာသွားတွေ့ခဲ့စဉ်အခါက အတန်းရဲ့တံခါးရှေ့မှာမျက်မှန်လေးနှင့် မတ်တပ်ရပ်နေခဲ့သည့်သူ။မိုးလင်းယုန်ကို သွား​ခေါ်ပေးဖို့ ဝိုင်အကူအညီတောင်းခဲ့မိတဲ့ ခပ်ချောချောကောင်လေးကဘို​ကောင်းဖြစ်နေတာပါပဲ။ယခုလို မျက်​မှန်​လေးတပ်ထားစဉ်လိုပဲ။ဒါကြောင့်​ စိတ်​ထဲမှာ မြင်​ဖူး​နေသလိုလိုနှင့် မှတ်​မှတ်​ထင်​ထင်​ရှိ​နေခဲ့မိတာ...။အခုမှပဲသေချာ သိ​လေတော့သည်​။

" မင်း....ဘာမှကိုမ​ပြောင်းလဲသွားဘူး​နော်​...
အရင်​အတိုင်းပဲ..."

မိုးလင်းယုန်က ဆိုလာပြန်၏။

" ဟုတ်​လား...."

ဝိုင့်မှာ နာထင်လေးကို ခပ်ဖွဖွကုတ်ရင်း ရယ်ကျဲကျဲဆိုမိပြန်၏။ကိုယ့်ကို ချီးကျူးနေသည်ဆိုတော့ မနေတတ်။ချီးကျူးနေသည်ဟု ဝိုင်က ထင်လိုက်မိတာပါပဲ။

" ဒါနဲ့ အရင်​လိုပဲ...မင်းမှာထူးဆန်းတဲ့စိတ်​ခံစား
မှု​တွေရှိ​နေ​သေးလား...."

မိုးလင်းယုန်သည် ဝိုင့်၏ ထူးခြားဖြစ်စဉ်တွေကိုလည်း အခုချိန်ထိ မှတ်မိနေပြန်ပါ၏။

I Can Hear Your Voice (Completed)Where stories live. Discover now