I Can Hear You Voice-8(Z,U)

10K 1.3K 17
                                    


(Zawgyi)

" ဒီအိမ်ဖြစ်လောက်မယ်ထင်တယ်..."

တည်ကြည်က မောင်းလာသည့် ဆိုင်ကယ်ကို စက်သပ်လိုက်ကာ ဆိုင်ကယ်အနောက်တွင် ပါလာသည့် ဝိုင့်ကို တစ်ချက် စောင်းငဲ့ကြည့်ရင်းပြောလိုက်သည်။ဝိုင်လည်း ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ကာ အရှေ့တွင်ရှိနေသော အပြာနုရောင် ခြံဝန်းထဲကိုပါ ဝေ့ကြည့်ရင်း ဖြစ်လောက်မည် ဆိုသည့်အကြောင်း တည်ကြည်ကိုကြည့် ကာခေါင်းညိတ်ပြလိုက်သည်။အိမ်တစ်အိမ်ဟု ဆိုသော်ငြားအတိအကျပြောရလျှင် ဝိုင်မရင်းနှီးသည့် ဝိုင်တစ်ခါမှမရောက်ဖူးသည့်အိမ်တစ်အိမ်ဖြစ်သည်။အပြင်ပန်းကနေလှမ်းကြည့်ရုံဖြင့်ထိုအိမ်တွင် အသုဘတစ်ခုရှိနေသည်ဆိုတာပြောနိုင်သည်။လူတွေဝင်ထွက်သွားလာနေကြသည်မှာလဲမနည်း...။ဒီအိမ်သာဖြစ်လောက်မည်။

Melody ကိစ္စဖြစ်ပြီး မကြာလိုက် ဝိုင် နောက်ထပ် ကိစ္စ တစ်ခုကို ကူညီရပြန်သည်။အိမ်မက်တွေမှတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစားခဲ့သည်မဟုတ်ပဲ အသံကို တိုက်ရိုက် ကြားလိုက်ရခြင်းဖြစ်သည်။ဒီတစ်ခေါက် ကိစ္စက အတော်လေးရိုးရှင်းသည်ကြောင့်ဖြစ်မည်ထင်သည်။မကြာသေးခင် အချိန်က သေဆုံးသွားသည့် အဘွားတစ်ယောက်က သူမ၏ ချစ်ဦးသူကို ဘဝမကူးခင် နှုတ်ဆက်စကား ပြောပေးရန် သက်သက် သာဖြစ်သည်။အကြောင်းအရာက ရိုးရှင်းသော်လည်း နေရာကတော့ မရိုးရှင်းပေ...။မရိုးရှင်းဘူး ဆိုသည်ကလည်း မန္တလေးမြို့၏ လမ်းတွေကို မသိသော ဝိုင့်ကြောင့်သာဖြစ်သည်။သို့နှင့် တစ်ယောက်တည်း အခက်တွေ့နေမယ့်အစား တည်ကြည့်ကို အကြောင်းစုံပြောပြကာ အဘွားပြောသည့် အိမ်သို့ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။

ဝိုင်နှင့် တည်ကြည် တစ်ယောက်နှင့်တစ်ယောက်ခေါင်းညိတ်အချက်ပြလိုက်ကာ ခြံထဲသို့လှမ်းဝင်ခဲ့ကြသည်။အိမ်သားတွေနှင့်ဝိုင်တို့ နှစ်ယောက်စလုံးမသိတာကြောင့် ဝိုင်တို့ကိုတစ်ကူးတကကြိုဆိုမည့်သူတစ်ယောက်တစ်လေမျှပင်မရှိ..။အင်းလေ..လိုမှမလိုအပ်တာဝိုင့်ကိုအကူအညီတောင်းပြီးပြောခိုင်းတာကိုဝိုင်ကပြန်ပြောပေးရုံပဲလေ...။ဝိုင်တို့ရှေ့တည့်တည့်တွင်ဟင်းရည်ပုံးကိုကိုင်ကာ ဟင်းရည်လိုက်ထည့်ပေးနေသော ရှပ်အင်္ကျီအဖြူလက်ရှည်ကို လက်မောင်းရင်းထိခေါက်တင်ကာ ယောပုဆိုးအကွက်စိပ်အညိုလေးကို တွဲဖက်ဝတ်ဆင်ထားသည့် ဝိုင်တို့နှင့်ရွယ်တူလောက်ဖြစ်မည့် ခပ်ချောချောကောင်လေးရဲ့အနားကို သွားလိုက်ကာ

I Can Hear Your Voice (Completed)Where stories live. Discover now