I Can Hear Your Voice - 7(Z,U)

10.3K 1.2K 7
                                    


(Zawgyi)

ဒိန်းခနဲ ဦးနှောက်က တုံ့ပြန်မှုနှင့်အတူ ငုတ်တုတ်ထထိုင်လိုက်မိသည်။နောက် ပါးပြင်ပေါ် တစက်စက် ကျလျက်ရှိသော ပျစ်ချွဲချွဲ အရည်တို့ကို လက်ဖဝါး နှစ်ဖက်နှင့် သုတ်လိုက်ရင်း မျက်နှာကျက်ပေါ်သို့အလျင်အမြန် မော့ကြည့်လိုက်မိသည်။

မျက်နှာကျက်ဖြူဖြူ မှ လွဲ ကျန်တာဘာမှ ရှိမနေ။
ဖြန့်ထားသည့် လက်ဖဝါးကို ပြန်ကြည့်မိတော့ နီနီရဲရဲသွေးတွေ ....။

သွေးညီနံ့တွေ တစ်ခန်းလုံး လှိုင်တက်လာခဲ့ပြီး လေတိုးသံလိုလို တစ်ယောက်ယောက် စကားပြောသံလိုလို နားထဲမှာ ကြားလာခဲ့ရသည်။ဒီ ဝိဉာဉ်က ဒီလို ခြောက်ခြားစရာကောင်းသည့် နည်းလမ်းနှင့် ဝိုင့် ဆီရောက်လာခဲ့တာပါလား။

မျက်လုံးတို့ကို မှိတ်ချလိုက်လေတော့ မှင်ရည်လို နက်မှောင်နေသည့် အမှောင်ထုက ဝိုင့်ကို ဆီးကြိုနေလေသည်။တစ်ယောက်ယောက် ဝိုင့်ကို စောင့်ကြိုနေသည်ကို ခံစားမိ၏။ရင်ဘတ်တစ်ခုလုံး နွေးထွေးလာလျက် အသံတစ်ခုက ဟိုးအဝေးဆီမှ ဝိုင်ဆီသို့ တဖြည်းဖြည်းရောက်လာခဲ့သလို...။

သိပ်မကြာလိုက် ကြည်လင်ပြတ်သားသည့် အသံတစ်ခုကို ဝိုင် စတင်ကြားလာခဲ့ရတော့သည်။

~~~~~~~~~~~~~~~~~~~~~~

မနေ့ညက အိပ်မပျော်ပဲ အတွေးတွေများခဲ့လို့လားမသိ ဒီမနက် ဝိုင် အိပ်ယာမှ ထ လာတော့ ခေါင်းတစ်ခုလုံးအုံခဲကာ အပ် နှင့်ထိုးခံနေရသလို ပင် နားထင်စပ်ဆီမှ တစ်ဆစ်ဆစ်နှင့် ထိုးကိုက်နေသည်ကို ခံစားနေရသည်။ဒီလိုသာဆို တစ်ခါ အကူအညီလာတောင်းလေတိုင်း ဝိုင့်မှာ အိပ်ရေးတစ်ခါ ပျက်တော့မည်ထင်သည်။

အဲ့ဒါအသာထား....။ဝိုင် အိပ်ရေးတစ်ခါလောက်ပျက်တာလေးကို စာဖွဲ့မနေတော့။အခုလို ခေါင်းခဲနေသည်က ကူညီရမည့် ကိစ္စကြောင့်ပင်။

ငရဲမင်း ဆီကို သွားရမည်မို့ ခက်ခဲနေသည်လား။ငရဲမင်း ဟု ဆိုခဲ့လျှင်တောင် ဘယ်လောက်ပင်ခက်ခဲခက်ခဲ စိတ်ရှုပ်နေစရာအကြောင်းမရှိပဲ ဝိုင့်မှာ ဇိုးခနဲဇတ်ခနဲ သွားပြောခိုင်းသည့် ကိစ္စကို ကူညီပေးလို့ရနိုင်သေးသည်။

I Can Hear Your Voice (Completed)Where stories live. Discover now