I Can Hear Your Voice-29(Z,U)

8.6K 1.1K 17
                                    

(zawgyi)

" ဒီနေ့barသွားရအောင်...အားနေတာပဲဟာ..ကမ်းခြေမသွားခင်လေးအပြတ်သတ်ကဲကြရအောင်လေ..."

" ဟာ...မသွားဘူး...ဘာbarမှမသွားဘူး
ပုလဲနင်ကအမြဲကဲနေတာအခုရက်ပိုင်း
ခရီးမသွားခင်လေးနားပါဦး...."
မိုးလင်း အသည်းအသန်ငြင်းလိုက်သည်။အားလုံးရဲ့အကြည့်တွေ သူ့ဆီကျလာမှာလည်း သူသိသည်။သို့သော်လည်း သူဘယ်သူ့ကိုမှဂရုမစိုက်ပေ။

" နင်ကဘာဖြစ်ရပြန်တာလဲ...လင်း...
ဟိုသွားမယ်ဆိုတော့လည်းမသွားချင်...ဒီသွားမယ်ဆိုတော့လည်းမသွား...တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ..."

ပုလဲ ထောက်ပြလိုက်တော့ မိုးလင်းကို
အကုန်ဝိုင်းကြည့်ကြသည်။မိုးလင်းကတော့ ဘာကိုမှဂရုစိုက်သည့်ပုံမပေါ်..။ဒီအတိုင်းငြိမ်နေလေသည်။မိုးလင်းဘယ်မှမသွားချင်တာ ဝိုင့်ကိုစိုးရိမ်နေလို့ဆိုတာသိသည်။အပြင်တွေဘာတွေထွက်လို့ ငြိမ်းချမ်းရဲ့ဦးလေးနှင့်ထိပ်တိုက်တွေ့ခဲ့ပါလျှင်ဝိုင့်အတွက် မတွေးဝံ့စရာတွေဖြစ်သွားလိမ့်မည်။သို့ပေမယ့်လည်း ဝိုင်စခဲ့သည်မို့ဒီဇာတ်လမ်းဟာ ဒီလိုဘယ်နည်းနဲ့မှအဆုံးသတ်သွားမည်မဟုတ်တော့ပေ။
တစ်သက်လုံးပုန်းနေလို့ရသည်မှမဟုတ်ပဲ။ကိုယ်စခဲ့ဇာတ်မို့ကိုယ်နိုင်အောင်ကရတော့မှာပဲ...။

" ဒါဆိုရင်လည်း...ငါ့အိမ်မှာပဲတစ်ခုခုလုပ်စားကြမယ်...ဒီလိုကြီးနေရတာပျင်းတယ်...
ငါ့အိမ်မှာတော့အဆင်ပြေတယ်မလား..."

ပုလဲက မိုးလင်းကို ရွဲ့ပြီးမေးသည်။မိုးလင်း
ကလည်း ခေါင်းတညိမ့်ညိမ့်နှင့်...

" သွားမလည်ရင်ပြီးတာပဲလေ..."

ပုလဲကမိုးလင်းကိုမျက်စောင်းထိုးကာ
ထိုင်နေရာမှထလိုက်သည်။ပုလဲထတော့
ဝိုင်ပါလိုက်ပြီးထရပ်လိုက်မိသည်။

" အသားကင်တွေဟော့ပေါ့တွေကစားရတာအီလာပြီ...ပေါ့ပေါ့ပါးပါးလေးလည်း ဖြစ်သွားအောင်မာလာငါးပဲလုပ်စားကြမလား..."

" ကောင်းသားပဲပုလဲ...ကျွန်တော်လည်းမာလာငါးစားချင်နေတာ.."
ဝိုင်အားတက်သရောပြောလိုက်သည်။တကယ်လည်း ဝိုင်က ငါးနှင့် ပတ်သက်တာတစ်ခုခုစားချင်နေတာပင်။

I Can Hear Your Voice (Completed)Where stories live. Discover now