I Can Hear Your Voice-32(Z,U)

7.8K 1K 38
                                    

(zawgyi)

မိုးလင်းတစ်လှည့် သော်တစ်လှည့်မောင်းရင်း ဝိုင်တို့အုပ်စု မိုးလင်း၏ Alphardကားပေါ်တွင် ငြိမ့်ငြိမ့်ညောင်းညာင်းနှင့်လိုက်ပါလာခဲ့ကြသည်။
ကိစ္စတွေအကုန်လုံးအပြီး ပုလဲ မိဘတွေပြန်လာကြသည့်အချိန်မှာ ဝိုင်တို့ ချောင်းသာခရီးစဉ်ကိုပျော်ပျော်ပါးပါးနှင့်စထွက်ခဲ့ကြသည်။

ခါတိုင်း ဝိုင်တို့အုပ်စုလေးကခြောက်ယောက်သာရှိသော်လည်း မိုးလင်းနှင့်လက်ထပ်မည့်မိန်းကလေးကိတ်ရယ် ပုလဲ ချစ်သူ ကိုဆက်ပါ ပါလာခဲ့သည်။မိုးလင်းမောင်းသည့်အချိန်တွင် ကိတ်ကမိုးလင်းနံဘေးထိုင်လိုက်ခဲ့သည်။သော် မောင်းသည့်အချိန်တွင်တော့ သော့်ဘေးတွင် ဝိုင် ထိုင်လိုက်ခဲ့ရသည်လေ။

သော်က ဘာစကားတစ်ခွန်းမှမဆိုပဲ ကားကိုဂရုတစိုက်မောင်းနေတာကြောင့် ဝိုင်လည်း တိတ်ဆိတ်စွာလိုက်ပါလာခဲ့သည်။အလျင်စလိုမဟုတ်ပဲ ဖြေးဖြေးမှန်မှန်သာမောင်းနှင်ခဲ့တာကြောင့် ပတ်ဝန်းကျင်က
တဖြေးဖြေးအလင်းပျောက်ကာ အမှောင်
ယံသို့ကူးပြောင်းလာသည်ကို ဝိုင့်မှာ တစ်စိမ့်စိမ့်ကြည့်နေမိတော့သည်။အနောက်ခန်းကလူတွေကို လှည့်ကြည့်မိတော့ မိုးလင်းမှလွဲပြီးတစ်ယောက်ပုခုံးပေါ်တစ်ယောက်မှီတွယ်ကာ အကုန်အိပ်ပျော်နေကုန်ကြလေပြီ။မိုးလင်းကသာ ပြတင်းပေါက်အပြင်ဘက်ကိုငေးပြီးလိုက်ပါလာခဲ့သည်။

" အိပ်ချင်အိပ်လေ..."

ကားပေါ်စတက်ကတည်းကပင် ပထမဦး
ဆုံးကြားလိုက်မိသည့် သော့်ဆီကစကားသံပင်ဖြစ်သည်။သူဘာဖြစ်လို့ဖြစ်နေမှန်းမသိအောင်ပင် တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့သည်။အခုသူ့ပုံစံကယခင်သော်နှင့်လည်း ကွာခြားလွန်းနေသလို ဝိုင်သိခဲ့ဖူးသည့်ဒေးဘတ်နှင့်လည်း တူမနေခဲ့ပါ...။
ခံစားချက်မဲ့နေသည့်လူတစ်ယောက်၏ ပုံစံ
လိုပင်ဖြစ်သည်။သူ့စိတ်တွေဘာတွေဖြစ်နေပါလိမ့်...။

" ရှင် ဒီလိုပဲကြည့်နေတော့မှာလား..."

မိုးလင်းပုခုံးကိုမှီထားလျက်ကပင် ခပ်တိုးတိုးဆိုလိုက်သည့်ကိတ်ကြောင့် သော်နှင့်ဝိုင်တို့ဆီမှအကြည့်တို့ကိုခွာပြီးပြတင်းပေါက်အပြင်ကိုသာပြန်ငေးနေလိုက်မိသည်။

I Can Hear Your Voice (Completed)Where stories live. Discover now