Extra-8

5.7K 895 24
                                    

(zawgyi)
" လူနာတွေက ဖော်မလင်လို့ခေါ်တဲ့ ဆေးတစ်မျိုး
အထိုးခံထားရပါတယ် အဲ့ဒီ့ဆေးက အရိုးတွေကိုပျော့စေပြီး... ဦးနှောက်သွေးလည်ပတ်မှုကို ခေတ္တ
ထိုင်းမှိုင်းသွားစေပါတယ်..ခန္ဓာကိုယ်တစ်ခုလုံး ဘာမှမလုပ်နိုင်မကိုင်နိုင်ပျော့ခွေသွားခဲ့တာမျိုးပါ....ဒီဆေးကဘေးထွက်ဆိုးကျိုးများပါတယ် ဓါတုဆေးဝါးတစ်မျိုးပါ အစားအသောက်တွေကြာရှည်ခံဖို့အတွက် သုံးတဲ့ဆေးပါ..အခုက လူနာတွေရဲ့ခန္ဓာကိုယ်ထဲမှာ ဆေးရည်ကပမာဏအနည်းငယ်ပဲရှိနေတဲ့အတွက် အရမ်းကံကောင်းသွားပါတယ်....ပမာဏသာ များသွားရင် လူနာရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်..."

ဝိုင်နှင့်ကိုရဲကျော်စွာက ဒေါက်တာပြောသည့်စကားများကို နားထောင်ရင်း သက်ပြင်းကိုယ်စီချမိ
သည်။သော်တို့ငါးယောက်လုံးနှင့် ဒေါ်လေးမှုံကို အနီးစပ်ဆုံးမြို့ကဆေးရုံသို့ လူနာတင်ယာဉ်ခေါ်ကာ ညတွင်းချင်းပို့လိုက်ရသည်။လူနာတင်ယာဉ်က နာရီဝက်အတွင်းဝိုင်တို့ရှိနေသည့် ရွာလေးကိုရောက်လာခဲ့သည်။ဝိုင်က လူနာတင်ယာဉ်နှင့် တစ်ပါတည်းလိုက်ခဲ့သည်။ကိုရဲကျော်စွာကလည်း ဒေါ်လေးမှုံကို စစ်ဆေးမေးမြန်းစရာလဲရှိ...ဝိုင့်ကိုလည်း စစ်ဆေးစရာရှိတာကြောင့် ကိုတိမ်လွှာ့ကိစ္စတွေကို အုပ်ချုပ်ရေးမှူးနှင့်သူ့တပည့်အောင်စေနှင့်ထားခဲ့ကာ နောက်မှ ဆိုင်ကယ်နှင့်လိုက်ခဲ့ခြင်းဖြစ်သည်။

သော် တို့ငါးယောက်လုံး ဖော်မလင်ဟုခေါ်သည့်ဆေးတစ်မျိုးအထိုးခံထားရသည်။ဒေါ်လေးမှုံ ၏ ခန္ဓာကိုယ်
ထဲမှာတော့ ဘာဆေးမှရှိမနေဟု ဒေါက်တာကဆိုလေသည်။အိပ်ပျော်နေသည့် သော်တို့ကို ခဏထားခဲ့ကာ....ဒေါ်လေးမှုံ ရှိနေသည့် လူနာကုတင်တို့
ဒေါက်တာနှင့်အတူ ဝိုင်နှင့်ကိုရဲကျော်စွာ ထွက်ခဲ့လိုက်သည်။

" ကျွန်တော် အားလုံးစစ်ဆေးကြည့်ထားပါတယ်...အားနည်းနေတာကလွဲလို့...အားလုံးအခြေအနေကောင်းပါတယ်...ဘာမှစိုးရိမ်စရာမရှိပါဘူး...ဒါပေမယ့် အားနည်းနေတဲ့အတွက်..အားဆေးပုလင်းတော့ ချိတ်ပေးထားတယ်...ဒါဆို...ဟိုဘက်အခန်းက လူနာတွေ နိုးလာခဲ့ပြီဆိုကျွန်တော့်ကိုတစ်ချက်လာခေါ်ပေးပါ..."

I Can Hear Your Voice (Completed)Where stories live. Discover now