#unicode
"ဟျောင့်တွေ ဒီကဟာလေးက ဘာအကြံတွေရှိလို့လဲ မသိ ငါတို့ကို ချောင်းကြည့်နေတယ်"
နံရံ တစ်ဖက်မှ လှမ်းကြည့်နေသော ရှိုင်းစစ်အား ခွန်းဆက်နိုင်ရဲ့ သူငယ်ချင်းဖြစ်သူ ရန်နောင်မြင်၍ ဖမ်းခေါ်လာခြင်းဖြစ်သည်
အင်္ကျီ ဂုတ်ကနေဆွဲကာ အားနဲ့ ဆွဲခေါ်ခြင်းခံရတဲ့ ရှိုင်းစစ်လေးကတော့ အရှေ့မှာရှိတဲ့ အုပ်စုကိုကြည့်ကာ ကြောက်နေလေသည်
ကြောက်ရတာပေါ့ တစ်ကျောင်းလုံးက ကျောင်းသားတွေ ကြောက်ရတဲ့ အဖွဲ့ပဲလေ
ခွန်းဆက်တို့ အဖွဲ့ကို ဘယ်သူမှ ရန်မစရဲသလို ရန်စမိရင်လဲ ထိူသူဆီမှာ တစ်သက်လုံး ဆွဲစေမဲ့ ဒဏ်ရာမျိုးရတတ်တယ် ရိုက်နှက်ခံရလို့ ရတဲ့ ဒဏ်ရာတင်မက တစ်ချို့ဆို စိတ်ဒဏ်ရာပါရတတ်တယ်
ခွန်းဆက်တို့အဖွဲ့က လူတိုင်းနဲ့ ရန်ဖြစ်တတ်သလို သူတို့နဲ့ ဖြစ်တဲ့သူတွေက အားအင်တွေ ပြည့်ပြီး သန်မာနေရင်တော့ သေလောက်အောင် ရိုက်နှက်တတ်ကြတယ်
အကယ်၍ ရန်ဖြစ်တဲ့သူက ရုပ်ကလေးက သနားကမား ဖြူဖြူဖွေးဖွေးဆိုရင် ဖျက်စီးတတ်ကြတယ်
စိတ်ဒဏ်ရာပဲ တကယ်ကို တစ်သတ်လုံး သူတို့ကို ရန်မစရဲအောင် လုပ်တတ်တယ်
အခုလဲ ရှိုင်းစစ် သူ့ကို ဘာလုပ်မလဲ ဆိုတာ သူမသိဘူးလေ ဂုတ်က အဆွဲခံလာရပြီး တွန်းခံရတော့ ခွန်းဆက်ရှေ့ တည့်တည့် မှာ မှောက်ရပ်လဲ လေသည်
တကယ်ဆို ရှိုင်းစစ် ခွန်းဆက်ကို မြင်လိုက်လို့ လိုက်ကြည့်ရင်းကနေ ဒီနေရာကို ရောက်လာခဲ့တာပါ
ထို့နောက် မှောက်ရပ်လဲနေတဲ့ ရှိုင်းစစ်ကို ခွန်းဆက်သူငယ်ချင်း ခတ်မြတ်က အင်္ကျီကော်လံကို ဆွဲလိုက်ကာ ဆွဲထူလိုက်သည်
ရှိုင်းစစ် ခမျာ မျက်ဝန်းမှ မျက်ရည်ကြည်လေးတွေ ဆို့လို့
ခတ်မြတ်ရှိုင်းစစ်အား မေးလာသည်
"ဘာလို့ ချောင်းကြည့်နေတာလဲ"
ရှုင်းစစ် ခမျာ ကြောက်အားလန့်အားနဲ့ အသံလေးတွေ တုန်ကာ ပြောလာသည်
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
