Ep36❣️

7.2K 285 5
                                        

#unicode

"အကို့"

မှိုင်ထွေစွာခေါ်လာတဲ့ နေလင်းကို ဇွဲထက်လှမ်းကြည့်လိုက်ပြီး မေးလေးငေါ့ပြလိုက်သည်

"အကိုခွန်းဆက်က အမြဲအဲ့လိုပဲလုပ်နေတော့မှာလား သူကလူဆိုးတစ်ယောက်လိုကိုဖြစ်နေပြီလေ"

နေလင်းအပြောကို ခပ်ပြေပြေရီလိုက်တဲ့ဇွဲထက်

"ပြောင်းလဲသွားမှာပါ သူ့မှာရှိုင်းတစ်ယောက်လုံးရှိတယ်လေ ရှိုင်းကအရာရာကိုပြင်ပေးလိမ့်မယ်"

"အခုတောင် ရှိုင်းကမသတ်ဖို့ပြောတာကို သတ်လိုက်တယ်မဟုတ်လား"

"သူလုံးဝခွင့်မလွှတ်နိုင်တဲ့သူဖြစ်နေလို့ပါကွာ ခွန်းဆက်လဲ ဆိုဖီယာ့ကြောင့် ခံစားခဲ့ရတယ်လေ ခွန်းဆက်ကဆိုးတဲ့သူတစ်ယောက်မဟုတ်ပါဘူး ဆိုဖီယာထားသွားပြီးကတည်းက သူ့ကိုယ်သူဖိအားတွေပေးပြီး အတင်းဆိုးအောင်လုပ်ယူခဲ့တာ အခုဆိုဖီယာပြန်ရောက်လာတော့ ဆိုဖီယာကသူ့ကိုမတောင်းပန်တဲ့အပြင်ကို အနှောင့်အယှက်ပေးသေးတယ်လေ

ခွန်းဆက်ကအငြှိုးကြီးတယ် ကိုယ်တို့ကိုသူပြောတယ် ဆိုဖီယာ့ကိုမေ့သွားပါပြီတဲ့ ဥပေက္ခာပြုလိုက်ပြီတဲ့ တကယ်တော့ သူမမေ့ခဲ့ပါဘူး ဥပေက္ခာလဲမပြုနိုင်ခဲ့ဘူး မချစ်တော့ဘူးဆိုတာမှန်ပေမယ့် ပြန်လာခဲ့ရင် ကလဲ့စားခြေမယ်ဆိုတဲ့အတွေး သူအမြဲတွေးနေခဲ့တာ အဲ့ဒါတွေကိုသူကထုတ်ပြောလေ့မရှိပေမယ့် သူ့ရဲ့သူငယ်ချင်အရင်းကြီးတွေအနေနဲ့ကိုယ်တို့သိတယ် သူခံစားရတာတွေကို ကိုယ်တို့နားလည်တယ်

ရှိုင်းနဲ့မတွေ့ခင် ဆိုးသွမ်းခဲ့တာတွေကို ကိုယ်တို့တော်ရုံမတားခဲ့ဘဲ သူနဲ့အတူဆိုးပေးခဲ့တာတွေက မှားတယ်ဆိုပေမယ့် သူ့ဒဏ်ရာသက်သာဖို့အတွက် သူဘာလုပ်လုပ်ဆိုပြီး လွှတ်ထားမိခဲ့တယ် နောက်ရှိုင်းနဲ့တွေ့တော့ အရာရာပြောင်းလဲသွားတယ်လေ ရှိုင်းကခွန်းဆက်ကိုတကယ်ချုပ်ကိုင်နိုင်ပါတယ်

ခွန်းဆက်ရဲ့အားနည်းချက်ကို ရှိုင်းကသေချာမမြင်သေးတာ တကယ်တော့ခွန်းဆက်ရဲ့အားနည်းချက်က ရှိုင်းကိုယ်တိုင်ပဲလေ စိတ်မပူပါနဲ့ ခွန်းဆက်က သူ့စိတ်ထဲ အခဲမကျေတဲ့သူကိုသူကလဲ့စားခြေပြီးပြီလေ သူနောက်ထပ်အဲ့လိုတွေမလုပ်တော့ဘူးဆိုတာ ကိုယ်သိတယ်"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Место, где живут истории. Откройте их для себя