#unicode
"ရှိုင်းစစ် လာမကြိုသေးဘူးလား"
"ဟုတ်တယ် နေလင်း လာမကြိုသေးဘူး"
"ငါလိုက်ပို့မယ်လေ လိုက်ခဲ့ပါလား"
"တော်ပါပြီ လမ်းမှမကြုံတာ မလိုက်တော့ဘူး မင်းဘဲ သွားလိုက်ပါ"
"အင်း ဖုန်းဆက်ကြည့်လိုက်အုန်း အိမ်ကို"
"အင်း ဆက်လိုက်မယ်"
"အာ့ဆို ငါသွားပြီနော်"
"အင်း"
နေလင်း လဲ ရှိုင်းစစ်ကို နှုတ်ဆက် ပြီး ပြန်သွားလိုက်သည်
ရှိုင်းစစ် ကျောင်းဝမှာ တစ်ယောက်ထဲ ရပ်စောင့်နေရသည်
တစ်ယောက်ပြီး တစ်ယောက်ပြန်သွားပေမယ့် သူ့ကိုလာကြိုတဲ့ ကားက ရောက်မလာသေး
ရှိုင်းစစ် စောင့် နေရင်း ကျောင်းထဲမှ အော်သံ ကြားလို့ သိလိုစိတ်နဲ့ သွားကြည့်မိသည်
အသံလာရာ ဘက်ကို လျှောက်လာရင်း စာကြည့်တိုက်ဘေးဘက်သို့ရောက်လာခဲ့သည်
ထို့နောက် ရှိုင်းစစ် ချောင်းကြည့်လိုက်တော့ နေ့လည်က တွေ့လိုက်တဲ့ အစ်မ...... ခွန်းဆက်နဲ့ နမ်းနေသည့် အစ်မ ..... မြေပြင်ပေါ်မှာ ခွေလဲနေပြီး ပါးစပ်မှသွေးများလဲ ထွက်နေလေရဲ့
ရှိုင်းစစ် အနည်းငယ် ရှေ့တိုးပြီးကြည့်လိုက်တော့ ထိုအစ်မ ဗိုက်အား အားပြင်းစွာ ကန်လာသော ခြေတစ်ဖက်
ရှိုင်းစစ် ကြောက်အား လန့်အား ဖြင့်ပင် အော်လိုက်မိသည်
ထိုခြေထောက်....... ထိုခြေထောက်က ခွန်းဆက်ခြေထောက်ပင်ဖြစ်သည်
ရှိုင်းစစ် ခွန်းဆင် မျက်နှာအား မြင်တော့ အလွန်ပင် လန့်သွားသည်
ရှိုင်းစစ်ရဲ့ အော်သံကြောင့် အနားသို့ ခတ်မြတ်ရောက်လာကာ ရှိုင်းစစ်အား ဖမ်းခေါ်သွားသည်
အခုချိန်မှာ ခွန်းဆက် မျက်ဝန်းတွေက လွန်စွာ ကြောက်စရာကောင်းနေသည် ရှိုင်းစစ် ခွန်းဆက်ကို ကြည့်လိုက်တော့ သူ့အား ခွန်းဆက် မျက်ထောက်နီနဲ့ ကြည့်လာတာကြောင့် မျက်နှာလေး အောက်ငုံ့သွားရသည်
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
