#unicode
"ကိုကို ဖြေးဖြေး ခလေးကူပေးမယ်"
ကုတင်ပေါ်ကကုန်းထနေတဲ့ ကိုကို့ကို ဖြေးဖြေးချင်းထူပေးလိုက်တယ်
"ရပါတယ် ကိုယ်ကပုခုံးလေးတင်ထိသွားတာလေ"
"ပုခုံးထိလဲ ထိတာပဲလေ ကိုကိုရယ် ကိုကိုဂရုစိုက်မှရမှာပေါ့ ဒါနဲ့ ကိုကိုဘာစားချင်လဲ"
"ရတယ် ဘာဖြစ်ဖြစ်"
"အာ့ဆို ခနလေးစောင့်နော်"
"အင်း"
စားပွဲပေါ်မှာ ကိုကို့အတွက် ပြင်ပေးထားတဲ့ အစားအသောက်တွေယူလာပေးလိုက်တယ် ကိုကို့ကို အသေးစိတ်ကအစ ဂရုတစိုက်စောင့်ရှောက်ပေးပြီး ကိုကိုမြန်မြန်သက်သာအောင်လုပ်ပေးတယ်
ကိုကိုမြန်မြန်ပြန်ကောင်းပါတော့ အဲ့ဒါမှ ခလေးတို့အတူတူ ပျော်စရာတွေ ပြန်ဖန်တီးလို့ရမှာလေ
ကိုကိုစားပြီးတော့ ကိုကို့လက်ထဲကို သောက်ရမဲ့ဆေးနဲ့ ရေခွက်လေးထည့်ပေးလိုက်တယ်
"ကိုကို ဆေးသောက်မယ်နော်"
ကိုကိုကခေါင်းငြှိမ့်ပြပြီး လက်ထဲကဆေးတွေ တစ်ခါထဲ သောက်လိုက်တယ်
"ကိုယ်ဆေးရုံကဆင်းမယ်"
"ဘာဖြစ်လို့လဲ ကိုကို ချက်ချင်းကြီး မဆင်းပါနဲ့ ကိုကိုပြန်သက်သာလာမှ ဆင်းလေနော်"
"ဟင်အင်း ကိုယ်မနေချင်ဘူး ဒီနေ့ညနေေဆးရံုဆင်းမယ် ကိုယ်လဲ သက်သာနေပြီလေ"
"ကိုကိုကလဲ"
"ခလေးရာ ကိုယ့်စကားနားထောင်နော် ကိုယ်တို့ ညနေကျ ဆင်းကြမယ်နော်"
"အင်းပါ ကိုကိုဆင်းချင်ရင်ပြီးတာပဲ ခလေး ဆရာဝန်ကိုသွားပြောလိုက်အုန်းမယ်နော်"
"အင်း မြန်မြန်ပြန်လာခဲ့နော်"
"အင်းပါ"
ကိုကို့ကိုထားခဲ့ပြီး အခန်းအပြင်ထွက်လာကာ ဆရာဝန်ကြီးရှိရာဆီကို ဦးတည်ပြီး လာလိုက်တယ် ဆရာကလဲ ဆေးရုံဆင်းဖို့ ခွင့်ပြုတာနဲ့ ကိုကို့ဆီကို အမြန်ပြန်လာခဲ့လိုက်တယ်
"သား......"
ဖေဖေနဲ့ မေမေရဲ့အသံကိုကြားလိုက်ရတာကြောင့် နောက်ကိုဖြေးဖြေးချင်း လှည့်ကြည့်လိုက်တယ် ဟုတ်ပါတယ် ဖေဖေရော မေမေရော ပြီးတော့ ဖေဖေ့လူတွေလဲ လေးယောက်လောက်ပါတယ်
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
