Ep19❣️

7.3K 323 3
                                        

#unicode

"ရှိုင်းစစ် သူငယ်ချင်း ငါသတိရနေတာကွာ မင်းကွာ ကျောင်းပိတ်ရက် အပြင်တောင်မထွက်ဘူး ငါခေါ်တာကိုလာတောင်မတွေ့ဘူး"

နေလင်း ရှိုင်းစစ်ရဲ့ပုခုံးကို ဖတ်ကာပြောလိုက်သည်

"အမေတို့မထွက်ခိုင်းလို့ပါကွ"

"မင်းမကျွမ်းတဲ့အရာကိုမလုပ်စမ်းပါနဲ့ကွာ လိမ်လဲ မလိမ်တတ်ပဲနဲ့ မင်းမိဘတွေကို ဖုန်းဆက်ပြီး ငါပြောတယ် မင်းကို အပြင်ပေးထွက်ဖို့ မင်းကမထွက်တာလေ မင်းမိဘတွေက အပြင်ထွက်ဖို့ ခွင့်ပြုတယ်"

"မင်းက အကြောင်းစုံအကုန်သိနေတော့တာပဲ အင်း ငါမထွက်ချင်လို့ အပြင်ထွက်ပြီး ဘာလုပ်ရမလဲလဲမသိဘူးလေ အိမ်ထဲမှာပဲ အမြဲနေနေတတ်တော့ အပြင်ထွက်ရမှာ ငါသိပ်မကြိုက်ဘူး"

"အေးပါကွာ ဒါပေမယ့် မင်းနောက်တစ်ခေါက်ငါခေါ်ရင်တော့လိုက်ရမယ်နော်"

"အင်းပါ လိုက်ခဲ့ပါ့မယ်"

"လက်ကြီးဖယ်လို့ရပြီ"

ရှိုင်းစစ် ပုခုံးပေါ် လက်တင်ထားတဲ့ နေလင်းကိုကြည့်ပြီး ခွန်းဆက်ပြောလိုက်သည်

"သူကတစ်မျိုး လာသဝန်တိုနေပြန်ပြီ ဟုတ်ပါပြီ ဖယ်ပေးမယ် နောက်မှ အကိုမရှိတုန်း ရှိုင်းစစ်ကို ကြိုက်တာလုပ်ပြမယ်"

"မင်းဘာပြောတာလဲ ခလေး အဲ့ကောင်နဲ့မပေါင်းနဲ့နောက် အဲ့ကောင်နားတောင်မကပ်နဲ့ ကြားလား"

ခွန်းဆက်တို့ သဝန်တိုတာကိုကြည့်ပြီး သူငယ်ချင်းတွေတောင်ဝိုင်းရီကုန်သည်

"ကိုကို ခလေးသွားအုန်းမယ် ဆရာက စာအုပ်တွေ လာယူခိုင်းထားတာ နေလင်းနဲ့ အတူတူသွားယူရအုန်းမယ်"

"ကိုယ်လိုက်ခဲ့မယ်လေ"

"ရပါတယ်ကိုကိုရယ် ခလေးနေလင်းနဲ့ပဲသွားလိုက်ပါ့မယ်"

"စာအုပ်တွေကများလား ကိုယ်ကူသယ်ပေးမယ်လေ"

"ကျေးဇူးများကြီးတင်ပါတယ်ကိုကိုရဲ့ ခလေးသယ်နိုင်ပါတယ်"

ခလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတဲ့ ရှိုင်းစစ်ကိုကြည့်ပြီး ခွန်းဆက်မနေနိုင်တော့ပဲ ပါးလေးကို ဖျစ်ညှစ်လိုက်သည်

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now