Ep14❣️

8.4K 402 2
                                        

#unicode

"ဟျောင့် ရောက်လာပြီး တစ်ခွက်တောင်မသောက်ဘူး  ဘာဖြစ်နေတာလဲ"

"ငါမသောက်ချင်ဘူး မင်းတို့ဘဲသောက်"

ခွန်းဆက်တစ်ယောက်ငြိမ်နေတာကြောင့် ရန်နောင်မေးလိုက်ခြင်းဖြစ်သည်

"ခွန်းဆက် နင်ဘာတွေတွေးနေတာလဲ"

ဧကရီ ခွန်းဆက်ဘေးကိုပြောင်းထိုင်ကာ မေးလိုက်သည်

"ဘာမှမဟုတ်ပါဘူး ငါခလေးကို ဒီနေ့အော်လိုက်မိတာကို တစ်မျိုးဖြစ်နေလို့ သူတော်တော်ကြောက်သွားမှာ"

"အဲ့ဒါကိုတွေးပူနေတာလား သူနားလည်ပါတယ်နင့်ကို နင်ကသူ့ကိုမပျက်စီးစေချင်လို့ ဆိုတာ သူနားလည်မှာပါဟ အရမ်းကြီးတွေးမနေနဲ့"

"......"

"ဟဲ့ ခွန်းဆက် မျက်နှာကြီးဆူပုတ်မနေနဲ့ ရော့ စိတ်တွေလျှော့ချပြီးတစ်ခွက်လောက်သောက်လိုက်"

"ငါသွားတော့မယ်ကွာ မင်းတို့ကောင်တွေပဲနေခဲ့ကြတော့ ပြန်ပြီ "

ပြောကာ ထွက်သွားတဲ့ ခွန်းဆက်ကိုကြည့်ရင်း သူငယ်ချင်းတွေ ခေါင်းရမ်းမိတယ်

"ခွန်းဆက်တော့ အချစ်နွံထဲထက်နစ်ပြန်ပြီ"

*****
ဘားကနေ အမြန်ထွက်လာပြီး ဆိုင်ကယ်ကိုအသားကုန်မောင်းလာခဲ့လိုက်တယ် စိတ်ပူတယ် ခလေးငိုနေမှာလား တွေးမိလိုက်တာနဲ့တင် ရင်ထဲမှာနာလာတယ် ခလေးကိုမနာကျင်စေချင်ဘူး ဒါပေမယ့် ချုပ်နှောင်မိနေတယ် ကိုယ့်ဆီကနေထွက်မသွားအောင် ကြောက်အောင်ခြောက်နေမိတယ်

"ခလေး ရှိုင်းလေး"

အသည်းအသန်တံခါးဖွင့်ကာအိပ်ခန်းထဲကိုဝင်လာပြီး ခေါ်လိုက်တော့ အိပ်ရာထက်မှာ ခွေခွေလေးအိပ်ပျော်‌ေနတဲ့ ခလေးကြောင့် တစ်ချက်ပြုံးမိတယ်

ခွန်းဆက်ရှိုင်းစစ်နားကိုသွားပြီး ဘေးနားမှာ ဝင်လှဲလိုက်သည် ခလေးရဲ့ ပါးပြင်နုနုလေးတွေကို ဖွဖွလေးကိုင်လိုက်ပြီး

"ငိုထားသေးတာပဲ ဒီခလေး ပါးလေးတွေကိုရဲနေတာပဲ အရမ်းမငိုပါနဲ့ကွာ ခလေးအဲ့လိုမျိုးဖြစ်နေရင် လူတိုင်းရဲ့အနိုင်ကျင့်တာခံရလိမ့်မယ်"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now