Ep22❣️

6.8K 310 5
                                        

#unicode

"ခလေး ညဉ့်နက်နေပြီ အိပ်သေးဘူးလား"

ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ခလေးလေးဘေး ဝင်ထိုင်ရင်း မေးလိုက်သည်

"ခလေးမအိပ်ဘူး"

"ဟမ် မအိပ်လို့မရဘူးလေ ခလေးရဲ့"

"မအိပ်ဘူး အိမ်မက်မက်မှာကြောက်တယ် အိပ်လိုက်ရင် ကိုကို ထပ်ပါသွားမှာကြောက်တယ်"

"ခလေးကို ကိုယ်ပြောတယ်လေ ကိုယ်မပါသွားဘူး စိတ်မပူနဲ့ လာ ကိုယ်လဲ စာပြီးပြီ အိပ်မယ် ကိုယ့်ရင်ထဲမှာ ဝင်အိပ် ခလေးကို အိမ်မက်ထဲထိ ကိုယ်ကာကွယ်ပေးမယ်"

ခလေးကိုဖတ်ပြီး ကုတင်ပေါ်ကိုလှဲအိပ်လိုက်တယ် ရင်ခွင်ထဲမှာ မျက်လုံးအပြူးသားနဲ့လူကိုကြည့်နေတဲ့ ခလေးကို စိတ်မရှည် စွာနဲ့ တစ်ချက်ငေါက်လိုက်မိတယ်

"ရှိုင်းစစ် အိပ်‌ေတာ့လို့ ကိုယ်ပြောနေတယ်နော်"

အော်လိုက်တော့ ကိုယ်လေးက တုန်သွားလေရဲ့ မော့ကြည့်နေတဲ့မျက်နှာလေးကို အောက်ငုံ့သွားပြီး မျက်လုံးလေးတွေမှိတ်သွားလေရဲ့ ခန္ဓာကိုယ်လေး တုန်တုန်တက်သွားတာရော ရင်ဘတ်မှာ စိုစွတ်လာတာကြောင့်ရော ဒီခလေးပေါက်ငိုနေပြန်ပြီ ဆိုတာ သိလိုက်သည် တစ်နေကုန်လဲ ငိုထားရတာ ခလေးပင်ပန်းနေတော့မှာပဲ

ခွန်းဆက် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိတယ်

"ခလေး ကိုယ်ခလေးကိုချစ်တယ် ချစ်ခဲ့တာတွေက ဖြူဖြူစင်စင်ပဲ အရင်က ကိုယ်မကောင်းခဲ့ဘူး အဲ့အချိန်တုန်းကတောင် ခလေးက ကိုယ့်ကို ရွေးချယ်ခဲ့တယ် အခု ကိုယ်ဘယ်သူနဲ့မှ မပတ်သက်တော့ဘူး အဲ့ဒါကို ခလေးသိတယ်လေ ဘာလို့ကိုယ့်ကိုမယုံရတာလဲ ကိုယ်ထွက်မသွားဘူးဆိုတာ ဘာလို့မယုံရတာလဲ ခလေးရယ်"

"ဟင့် ကိုကို့ကို ယုံတယ် ဒါပေမယ့် ခွဲရမှာကိုကြောက်တယ်"

ငိုယိုနေတဲ့ ခလေးရဲ့နှဖူးလေးကို ငုံ့နမ်းလိုက်ပြီး

"မခွဲရပါဘူး ကိုယ်ကခလေးဘေးကနေ ဘယ်တော့မှ ထွက်မသွားဘူး ဟုတ်ပြီလား အိပ်တော့ ခလေးအရမ်းပင်ပန်း‌ေနပြီ အများကြီးမစဉ်းစားနဲ့ ကိုယ်နဲ့ပျော်ရွှင်ရမဲ့အကြောင်းတွေပဲတွေး အနာဂတ်ကိုမကြည့်နဲ့ ကိုယ်နဲ့ပျော်ရွှင်နေရတဲ့ အခုအချိန်ကိုပဲကြည့် နော် ခလေးကလိမ္မာပါတယ်ကွာ အိပ်တော့နော် ကိုယ်ဘေးမှာရှိတယ်"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now