Ep8❣️

10.1K 404 9
                                        

#unicode

ဆေးရုံကဆင်းပြီးတော့ တစ်ရက်နှစ်ရက်လောက်နားပြီး ရှိုင်းစစ်ကျောင်းပြန်တက်ခဲ့တယ်

ကျောင်းတက်နေရတာ တစ်ပတ်ကျော်ကျော်လောက်ထိ ခွန်းဆက်က သူ့ကိုရှောင်နေတုန်းပင်

***အကိုငါ့ကိုရှောင်နေတယ် ငါ့ကိုမတွေ့ချင်တော့ဘူးထင်တယ်***

"အာ့"

အတွေးတွေနဲ့လမ်းလျှောက်လာတာ လူတစ်ယောက်ကို သတိမထားမိဘဲဝင်တိုက်မိသွားသည်

"နင်ဘယ်လိုတောင်လျှောက်နေတာလဲ လူလာတာတောင်မမြင်ဘူးလား"

လဲကျသွားတဲ့ မိန်းကလေးက သူ့ကိုအော်ပြောနေတော့ အသည်းအသန်ပဲတောင်းပန်လိုက်သည်

"တောင်းပန်ပါတယ်နော် ကျွန်တော်မတွေ့လိုက်လို့ ဘယ်နားနာသွားသေးလဲဟင်"

ထူပေးဖို့ လမ်းလေးကမ်းပေးလိုက်တော့ ရှိင်းစစ်လက်ကိုပုတ်ချလိုက်သည်

"ငါ့ကိုလာမထိနဲ့ စိတ်ပျက်ဖို့ကောင်းတယ် ပုံစံက မိန်းကလေးတွေထက်တောင် အားမရှိတဲ့ပုံနဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်"

"သူသာအားမရှိရင် မင်းလဲကျစရာလိုလို့လား အားမရှိဘူးဆိုတဲ့သူနဲ့ တိုက်မိတာတောင်မင်း လဲကျတယ်ဆိုတော့ မင်းကပိုပြီး အားပျက်မနေဘူးလား အားဆေးလေးဘာလေးသောက်အုန်း"

ရှိုင်းစစ်နောက်မှ ခပ်ရွဲ့ရွဲ့ပြောလာတဲ့အသံကြောင့် နောက်ကိုလှဲ့ကြည့်မိတော့

"နေလင်း"

"ဘာလို့တစ်ယောက်ထဲထွက်လာတာလဲ ကန်တင်းသွားတာ ငါ့ကိုစောင့်မှပေါ့"

"ငါတစ်ယောက်ထဲ စဉ်းစားစရာလေးရှိလို့ပါ"

"ဘာကိုစဉ်းစားမှာလဲ ကန်တင်းသွားပြီးရှာမလို့မှတ်လား ငါပါရင် ငါကတားမှာဆိုးလို့ မင်းမခေါ်တာမှတ်လား"

"မဟုတ်ပါဘူး မင်းကလဲ"

"ဟဲ့ ငါ့ရှေ့မှာ လာကျီစားပြမနေနဲ့ ငါ့ကိုပြန်တောင်းပန်"

ထိုမိန်းကလေးမှပြောလာသောကြောင့် နေလင်းစိုက်ကြည့်ကာ ပြောလိုက်သည်

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now