#unicode
"ရှိုင်းစစ်ကို အကို အကုန်ပြောပြသင့်ပြီနော် သူ့အဖေကအကို့ကို သူနဲ့မပတ်သက်ဖို့ပြောတဲ့အကြောင်း"
"ပြောလို့မဖြစ်ဘူး ပြောလိုက်ရင်ခလေးက ခလေးရဲ့ အဖေကိုစိတ်ခုမှာဆိုးတယ် ပြီးတော့ ခလေးအဖေပြောသလိုပဲ ငါက လူသတ်ကောင်လေ ခလေးနဲ့ မတန်ဘူးလို့ ငါ့စိတ်ထဲလဲ ထင်တယ်"
"အကိုသတ်ခဲ့ရတာက အကိုရှိုင်းစစ်ကိုချစ်လို့လေ ရှိုင်းစစ်နဲ့အကို အခုလို ဝေးခဲ့ရတာ ရှင်းသန့်ကြောင့်လေ အကိုလုပ်သင့်တာကို လုပ်ခဲ့တာပဲ အကိုက ဘာလို့အဲ့လိုတွေးနေရတာလဲ အကိုထင်လား အကိုနဲ့ခွဲရရင် ရှိုင်းစစ်နေနိုင်မယ်လို့ ပြီးတော့ အခုရှင်းသန့်ကို အကိုသတ်မှန်းသူသိပေမယ့် အကို့ကိုသူမုန်းမသွားဘူးလေ ပြီးတော့ သူ့အဖေအကြောင်းပြောပြလိုက်လို့လဲ ရှိုင်းဘာမှဖြစ်သွားမှာ မဟုတ်ပါဘူး ရှိုင်းကသူ့အဖေကိုလဲ အရမ်းချစ်တာ ရှိုင်းနားလည်ပေးမှာပါ ပြီးတော့ အကို့ကိုလဲ သူလက်လွှတ်မှာ မဟုတ်ဘူး အကို ရှိုင်းအဖေရဲ့စကားတွေကို လျစ်လျူရှုပြီး ရှိုင်းနဲ့ပြန်တွဲလို့မရဘူးလား ရှိုင်းအရမ်းခံစားနေရမှာ အကိုသာထားသွားရင် ရှိုင်းအဖေလဲ အချိန်ကြာသွားရင် လက်ခံလာမှာပါ"
"ငါမသိတော့ဘူး ငါလုပ်နေတာတွေမှန်လား မှားလားမတွေးတတ်တော့ဘူး"
"ဘာတွေစဉ်းစားရခတ်နေတာလဲ"
အနောက်မှ ရောက်လာသော ဘုန်းရှန်မေးလိုက်ခြင်းဖြစ်သည်
"အကိုဘုန်းရှန်"
"နေလင်း ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူးဗျ"
"အိမ်စောစောပြန်အုန်းနော်"
"ဟုတ်အကို"
"ခွန်းဆက် မင်းဘယ်တော့အိမ်ပြန်မှာလဲ မင်းရဲ့ဒီဘားမှာပဲ နေနေတော့မှာလား အိမ်လေးဘာလေးလဲ ပြန်အုန်း အိမ်မပြန်ချင်ရင်တောင် ငါ့အိမ်လိုက်အိပ်လို့ရတယ် မင်းဒီသေရည်တွေပဲ အချိန်ပြည့်သောက်ပြီး သွေးဆိုးမနေနဲ့"
"ဘုန်းရှန်ရာ မင်းလာပြီဆိုတာနဲ့ ဒီစကားတွေပဲထွက်လာတာပဲ ငါအိမ်မပြန်ချင်တာ သိရဲ့သားနဲ့"
KAMU SEDANG MEMBACA
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romansa#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
