Ep34❣️

6.9K 272 8
                                        

#unicode

"ကိုကို ခန့်ပိုင်ကိုလွှတ်ပေးလိုက်ပါတော့နော် သူ့အစ်မလုပ်တဲ့ကိစ္စလေ သူနဲ့မှမဆိုင်တာ"

"ခလေးကသူနဲ့မဆိုင်ဘူးလို့ထင်နေတာလား သူကဆိုဖီယာ့ရဲ့မောင် ပြီးတော့ အရင်နှစ်က ခလေးကို ရောဖူးတယ် ပြီးတော့အခုလိုသူ့အစ်မကိုထုတ်ပြတာလဲ သူခလေးကိုလိုချင်လို့နေမှာပေါ့ ဒီပြဿနာတွေဖန်တီးတဲ့ထဲသူလဲပါတယ် ကိုယ့်ကိုဘာမှလာမပြောတာကောင်းမယ် ခလေးငြိမ်ငြိမ်လေးပဲထိုင်နေကိုယ်ခလေးကိုဘာမှမလုပ်ချင်ဘူး ငြိမ်ငြိမ်နေနေ"

မျက်နှာငယ်လေးနဲ့ခေါင်းလေးသာငုတ်သွားတဲ့ခလေး ကိုယ်လဲမတက်နိုင်ဘူး ခလေးသာဝင်ရှုပ်နေရင် ဒီကိစ္စကမြန်မြန်‌ဖြေရှင်းပြီးမှာ မဟုတ်ဘူး

ခလေးကိုထိုင်ခိုင်းထားပြီး ခန့်ပိုင်နားကိုပြန်လျှောက်လာလိုက်တယ်

ခန့်ပိုင်ရဲ့ဖုန်းကိုယူလိုက်ပြီ ဆိုဖီယာ့ဆီဖုန်းဆက်လိုက်တယ်

"မခေါ်နဲ့ မမကိုမခေါ်နဲ့"

"ဟက် ငါကမင်းကိုခေါ်ခိုင်းသားပဲ မင်းမှမခေါ်ပေးတာ အဲ့တော့ငါ့ဟာငါပဲခေါ်ရတာပေါ့"

ခန့်ပိုင်ကိုမဲ့ပြုံးပြုံးပြကာ ဆိုဖီယာ့ဆီဖုန်းခေါ်နေလိုက်တယ်

"Hello ခန့်ပိုင် ဘာဖြစ်လို့လဲ"

"Hello....."

"......."

ခွန်းဆက်အသံကိုကြားတော့ ဟိုဘက်က အသံတိတ်သွားသည်

"စကားတောင်ပြန်မပြောနိုင်တော့ဘူးလား ငါ့အသံကိုမင်းမှတ်မိမယ်လို့ထင်ပါတယ်"

"မှတ်မိတာပေါ့ ကိုယ်ရယ် ကိုယ့်အသံကိုမှမမှတ်မိရင် သဲကကိုယ့်ရဲ့ကောင်မလေးမဟုတ်တော့ဘူးလေ"

ဆိုဖီယာရဲ့ အသံချွဲချွဲကိုကြားကာ နှာခေါင်းရှုံ့မိတယ်

"စကားတွေရှည်ရှည်ဝေးဝေးတွေလာပြောမနေနဲ့ အခုငါ့ဆီလာခဲ့ငါနေရာပို့လိုက်မယ်"

"ကိုယ်ကလဲ လောလိုက်တာ လာခဲ့မယ် အလှဆုံးပြင်ပြီးလာခဲ့မယ်"

'တီ....တီ.....တီ"

ခွန်းဆက် ပြန်မပြောတော့ဘဲ ဖုန်းချလိုက်သည်

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now