#unicode
ပိတ်ရက်နှစ်ရက်လုံးဆန္ဒပြတော့ မိဘတွေရဲ့ ခွင့်ပြုချက်ရပြီး ရှိုင်းစစ် ကွန်ဒိုကိုပြောင်းလာခဲ့တယ် ရှိုင်းစစ်အဖေက ကွန်ဒိုကောင်းကောင်းလေးကို ရှာပေးမယ်ဆိုတော့ ရှိုင်းစစ် ခွန်းဆက်နဲ့နေရဖို့အရေး ကြိုးပမ်းပြန်သည်
"ဖေဖေ star5 မှာနေမယ်လေ အဲ့ဒိက အခန်းတွေကကောင်းတယ် နာမည်လဲကြီးတယ်လေ ပြီးတော့အဲ့မှာ စီနီယာတစ်ချို့လဲနေတယ်"
Star5 hotel က တကယ်နာမည်ကြီးပြီး ချမ်းသာတဲ့သူတွေအများစုနေတာမို့ ရှိုင်းစစ်အဖေက ချက်ချင်းလက်ခံလိုက်သည်
"ကောင်းပြီလေ အဲ့မှာဖေဖေစီစဉ်ပေးမယ် မနက်ဖြန်ဖေဖေ့လူတွေနဲ့ သားပစ္စည်းတွေကို အဲ့မှာရွှေ့ပေးထားမယ် သားကိုကျောင်းကလာကြိုပြီးရင် အခန်းတစ်ခါထဲလိုက်ပြပေးမယ်"
"ဟုတ်ဖေဖေ"
မျက်နှာချိုသွေးကာ ဖေဖေ့ကို ဖတ်ထားလိုက်သည် ကိုကိုနဲ့အတူနေရတော့မှာမို့ ပျော်တာက အလွန်ပင်
*******
"ရှိင်းစစ်"
ကျောင်းရောက်တော့ လက်လှမ်းပြကာ လှမ်းခေါ်နေတဲ့နေလင်းဆီကို အကြည့်ကမရောက် နေလင်းနောက်က ကိုကို့ဆီကိုသာ ပြုံးကာကြည့်ပြီးပြေးသွားလိုက်သည်
"ရှိုင်း ရှိုင်းစစ် ငါခေါ်တာလေကွာ"
ကိုယ့်ကိုကိုယ်ကာ လက်ညိုးထိုးပြီး ကြောင်တောင်တောင်ဖြစ်သွားရသည် ခေါ်တာကသူ သွားတော့သူ့လင်တော်ဆီတော်တော်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း
ဇွဲထက်က ပုခုံးလေးကိုလာပုတ်ကာ
"မင်းက သူငယ်ချင်းသက်သက်ပါကွာ သူ့အချစ်တော်ကဟိုမှာ"
ပြောလာသော ဇွဲထက်ကို မျက်စောင်းခဲကာ ပြန်ပြောလိုက်သည်
"ကျွန်တော်လဲသူ့အချစ်တော်ပါပဲ သူအချစ်ဆုံးသူငယ်ချင်းလေ"
"ဟား ဟား အချစ်ဆုံးသူငယ်ချင်းဆိုပေမယ့် အချစ်တော်ဖြစ်မလာဘူးလေ"
ဇွဲထက် ရီကာ ပြောလာတာကြောင့် နေလင်းနှုတ်ခမ်းကိုကိုက်ခဲကာ ပို၍ပင် ဘုကြည့်ကြည့်လာသည်
ВЫ ЧИТАЕТЕ
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Любовные романы#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
