#unicode
"ခလေးရေ မပြီးသေးဘူးလား"
"ပြီးပြီ ကိုကိုခန"
ကစားကွင်းသွားချင်တယ်ဆိုတဲ့ သားလေးရဲ့တောင်းဆိုမှုကြောင့် အလုပ်ဖျက်ပြီးလိုက်ပို့ရတယ်လေ ကျွန်တော်နေမကောင်းတဲ့နေ့ကတည်းကပူဆာနေတာ အခုထိပဲ အဲ့တော့အရမ်းချစ်ဖို့ကောင်းတဲ့သားလေးရဲ့ ဆန္ဒအတိုင်း သူ့ဦးလေးတွေပါခေါ်ပြီး ကစားကွင်းလိုက်ပို့ရတော့တာပေါ့ဗျာ
"ခလေးမြန်မြန်ထွက်လာတော့ကွာ အပြင်မှာ ဘုန်းရှန်တို့လဲစောင့်နေကြပြီ"
"လာပြီ လာပြီ ကိုကိုရေ"
အိမ်အောက်ထပ်ကနေ လှမ်းအော်ခေါ်နေတဲ့ ကိုကို့ဆီကို သားလေးကိုချီပြီးအမြန်လာခဲ့လိုက်တယ်
အခန်းထဲမှာ သားလေးကိုအဝတ်လဲပေးရတာ အချိန်တော်တော်ကြာသွားတယ် ကြာမှာပေါ့ သားလေးကဒါလဲမဝတ်ချင် ဟိုဟာလဲမဝတ်ချင်ဆိုပြီးရစ်နေတယ်လေ နည်းနည်းလေးငေါက်လိုက်မှပဲ အဝတ်တစ်ထည်ကိုရွေးတော့တယ်
"ဘာလို့ကြာနေတာလဲ ခလေး"
"ဘာလို့ရမှာလဲ သားလေးပေါ့ အဝတ်ရွေးနေတာ မပြီးတော့ဘူး ဟိုဟာလဲမဝတ်ချင် ဒီဟာလဲမဝတ်ချင်နဲ့"
ခလေးအပြောကြောင့်ရယ်မိသည်။အမှန်ပင် ခလေးရင်ခွင်ထဲကသားလေးကဆူပုတ်နေတယ်လေ ဒါဆိုသားလေးအဆူခံထားရတယ်ဆိုတာ ပြနေတာပဲ။
သားလေးနားကို မျက်နှာကပ်သွားလိုက်ပြီး မျက်လုံးနားကစိုစွတ်စွတ် မျက်ရည်စလေးတွေကိုသုတ်ပေးကာ
"သားလေး သားဖေဖေပြောတာဟုတ်လား သားလေးကတကယ်ပဲ အဲ့ဒါတွေမဝတ်ချင်ဘူးလား"
"ပါးပါး အီးဟီး တားတားကို ဖေဖေ ချူတယ်"
"သားသားက ဖေဖေ့ကိုသွားရစ်တာကိုဆူမှာပေါ့"
"အီးဟီး ပါးပါးကိုခေါ်တော့ဝူး တားတားဘက်ကပါဝူး ဟင့်"
အော်ကာငိုနေတဲ့သားလေးကို ခလေးလက်ထဲကနေ ပွေ့ချီလိုက်ပြီး မျက်ရည်လေးတွေသုတ်ပေးလိုက်တယ်
"ငိုပါနဲ့တော့ သားသားရယ် ပါးပါးတို့အပြင်ရောက်ရင် အဝတ်တွေဝယ်ကြမယ်လေနော်"
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
