Ep23❣️

6.5K 308 3
                                        

#unicode

"ကိုကို နာနေလားဟင်"

ခွန်းဆက် အထိုးခံထားရတဲ့ ပါးလေးကိုကိုင်ကာ ရှိုင်းစစ်မေးနေသည်

"မနာပါဘူး ခလေးရာ ကိုယ်ဘာမှမဖြစ်ပါဘူး"

"ဘာလို့ရန်ဖြစ်ရတာလဲ ကိုကိုရယ် ကိုကိုတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

စိုးရိမ်စိတ်ဖြင့်ပြောလာတဲ့ ရှိုင်းစစ်ကို ခွန်းဆက် ခေါင်းလေးကိုသာအသာပုတ်ပေးလိုက်သည်

"ကိုယ်တကယ်ဘာမှမဖြစ်ပါဘူး ခလေးရယ်"

"အမယ်လေး ရှိုင်းလေးရယ် မင်းသူ့ကိုစိတ်မပူနဲ့ သူကဘာမှမဖြစ်ဘူး သူနဲ့ဖြစ်တဲ့ကောင်တွေ ဆေးရုံမှာ သေမလိုတောင်ဖြစ်သွားတာ"

ကြားထဲကဝင်ပြောလာသော ခတ်မြတ်

ခတ်မြတ်စကားကိုကြားတော့ ထိတ်လန့်သွားတဲ့ ရှိုင်းစစ် ခွန်းဆက်ကိုကြည့်ကာ

"ဟုတ်လား ကိုကို သူတို့ဘာဖြစ်သွားသေးတယ် ကိုကိုဘာလို့ အရမ်းလုပ်ရတာလဲကိုကိုရယ်"

ချက်ချင်းဆိုသလိုမျက်မှောင်ကျုတ်သွားတဲ့ ခွန်းဆက်

"ဘာလို့သူတို့ကိုစိတ်ဝင်စားနေတာလဲ ကိုယ့်ကိုပဲမေး သူတို့ကိုမေးစရာမလိုဘူး"

ရုတ်တရက်ထအော်လိုက်တဲ့ ခွန်းဆက်ကြောင့် ရှိုင်းစစ်ရော တခြားသူတွေပါကြောင်အမ်းသွားရသည်

"ခလေး ခလေးကကိုကိုလက်လွန်သွားမှာဆိုးလို့‌ေပြာတာပါ"

"အဲ့ကောင်တွေက အဲ့ဒါနဲ့ပဲတန်တာလေ ကိုယ့်ကိုအထင်သေးအမြင်သေးနဲ့ ပြီးတော့ သူ့ညီမကိုမတူသလိုမတန်သလို ဆက်ဆံလို့တဲ့ ပြဿနာလာရှာတယ်လေ အဲ့တော့ကိုယ်ထိုးလိုက်တာ ဘာမှားလဲ ဟမ် ဘာမှားလဲလို့"

ဘာအပြစ်မှမလုပ်ထားဘဲ ကိုယ့်ကိုအသံမာမာနဲ့ပြောလာတဲ့ ကိုကိုကြောင့် ဝမ်းနည်းရသည်

မျက်နှာ ညှိုးသွားတဲ့ ရှိုင်းစစ်ကြောင့် နောက်ဆုံး သူငယ်ချင်းတွေရဲ့ အဖေ ဘုန်းရှန်ကပဲဝင်တားရသည်

"ခွန်းဆက် ရှိုင်းလေးက မင်းကိုစိတ်ပူတာလေကွာ ဘာလို့အဲ့လောက်အော်နေရတာလဲ"

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now