#unicode
"ခွန်းဆက် ဖြေးဖြေးသောက်ပါကွာ မင်းသောက်နေတာလဲ အရမ်းများနေပြီ အခုထိစိတ်ကမပြေသေးဘူးလား"
"ငါ ရှင်းသန့်ကို သတ်ပစ်ချင်တယ် ငါ့မိဘတွေကိုကောပဲ ငါ့ဘက်ကိုဘယ်တော့မှမပါဘူး အမြဲ ငါ့အတွက်မကြည့်ဘူး စီးပွားရေးအတွက် ငါ့ကိုရောင်းစားမှာလား အခုလဲ ချမ်းသာနေတာပဲလေကွာ ဒီထက်ပဲ ထပ်လိုချင်နေကြသေးတာလား အဖေကတဇွတ်ထိုး တစ်ယူသံစိတ်နဲ့ သူပိုချမ်းသာဖို့ ရှင်းသန့်နဲ့ လက်ထက်ခိုင်းတယ် အမေကကော သူ့ညီမကဖိအားတွေပေးတာနဲ့ ငါ့ကိုသူတို့လက်ထဲထည့်ရလား ငါမုန်းတယ် ငါ့ဘဝကိုငါမုန်းတယ် ငါ့ကိုခြယ်လှယ်နေတာကိုမုန်းတယ်"
ခွန်းဆက်တစ်ယောက် ဒေါသတွေပေါက်ကွဲကာ ရင်ဖွင့်နေတော့ သူငယ်ချင်းတွေလဲ မျက်နှာမကောင်း ခွန်းဆက်နဲ့အတူဝမ်းနည်းရတယ် ခွန်းဆက်ကို သူတို့မကူညီပေးနိုင်ဘူး မိသားစုကိစ္စဆိုတော့ သူတို့ဝင်ပါလို့မရတော့ ပိုပြီး စိတ်မကောင်းဖြစ်ကြရတယ်
"ခွန်းဆက် နင်ကကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့နေလာတဲ့သူ အခုလဲ နင်ဆုံးဖြတ်လိုက် နင့်ဆုံးဖြတ်ကို ငါတို့လေးစားမယ် နင့်ဆုံးဖြတ်ချက်နောက်ကိုငါတို့လိုက်မယ် နင့်ဘက်ကအမြဲရှိပေးမယ် နာကျင်ရတာတွေကို စုတ်ကိုင်မထားနဲ့ နင့်ကိုစိတ်မပျော်ရွှင်စေမဲ့အရာကိုမလုပ်နဲ့ ငါတို့နင့်ဘေးမှာ အမြဲရှိမယ်"
ဧကရီပြောလိုက်တော့ အားလုံးကလဲ ဝိုင်းထောက်ခံကြတယ် ခွန်းဆက်လဲ ဝမ်းလဲ နည်း ဒေါသလဲထွက်နဲ့ သောက်နေတာ မနည်းတော့ဘူး နောက်ဆုံး ခွန်းဆက် မှောက်သွားသည်ထိပဲ
"ခွန်းဆက် ခွန်းဆက်"
"ဟင်.....ခလေး ....ခလေးကိုတွေ့ချင်တယ် ရှိုင်းလေး ကိုယ့်ခလေးလေးဘယ်မှာလဲ"
ရူးရူးမူးမူးနဲ့ ရှိုင်းစစ်အသိပင်မရှိတော့ဘဲ လျှောက်ပြောနေတော့သည်
သူငယ်ချင်းတွေက တွဲကာ အိမ်ကိုပြန်ခေါ်လာပေးရသည်
အခန်း password ကိုသိ၍ အခန်းထဲဝင်လာသော်လဲ အိပ်ခန်းထဲတော့ မဝင်ခင် တံခါးခေါက်လိုက်သည်
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
