Ep32❣️

7.6K 287 14
                                        

#unicode

"နေလင်း အကို့ကိုစိတ်ဆိုးနေတုန်းလား နာနေလို့လား မငိုပါနဲ့တော့ အခုလိုလုပ်တာ အကိုနေလင်းကိုချစ်လို့ပါ"

ညကအနိုင်ကျင့်ထားမိတော့ ငိုနေတဲ့ကောင်လေးကို တစ်ချိန်လုံးထိုင်ချော့နေရတယ်

"အကိုတောင်းပန်ပါတယ် မငိုပါနဲ့တော့နော်"

ချက်ချင်းအငိုတိတ်သွားကာ သူ့ရဲ့ပါးလေးတွေကိုကိုင်ထားတဲ့ ကိုယ့်လက်ကို ပုတ်ချပြီး မျက်ရည်တွေကို အတင်းဆွဲသုတ်ကာ ချက်ချင်းတည်သွားသည်

"အကို ကျွန်တော့ကို နောက်ထပ်လာခေါ်စရာအကြောင်းမရှိဘူး"

မထင်ထားတဲ့စကား... ဒီကောင်လေး ဒီလောက်စိတ်ဆိုးသွားမယ်လို့ တကယ်မထင်ခဲ့တာ အခုတော့ ဘယ်လိုချော့ရမလဲပင်မသိတော့ သူ့အဝတ်အစားတွေကို အမြန်ဝတ်ပြီး အခန်းအပြင်ကိုထွက်သွားတာ ဖမ်းချိန်တောင်မရလိုက် ကိုယ်လဲ အမြန်အဝတ်တွေဝတ်ပြီး သူ့အနောက်ကိုအမြန်လိုက်ရတယ်

......
အခန်းထဲကထွက်လာခဲ့ပြီး အကိုခွန်းဆက်တို့ဝိုင်းကိုသွားတယ် အကိုခွန်းဆက်ရဲ့ ဘားမှာတစ်ခြားသူတွေဘယ်သူမှရှိမနေတော့ အကိုခွန်းဆက်တို့ကတော့ ညကဒီမှာ အိပ်ပုံ‌ရတယ် တစ်ယောက်မှနိုးမလာသေးဘူး

ရှိုင်းစစ်နားကိုသွားပြီး နှိုးလိုက်တယ်

"ရှိုင်း ထတော့ရှိုင်း"

"ဟင် နေလင်း နိုးနေပြီလား ခနလေး ကိုကိုတို့ကိုနှိုးလိုက်အုန်းမယ်"

ကိုကို့ကိုကြည့်လိုက်တော့ခလေးပေါင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတာ

"ကိုကို ကိုကို့ထတော့"

ကိုကိုကဖြေးဖြေးချင်းမျက်လုံးဖွင့်လာပြီး ထလာတယ် ကိုကိုလဲ တစ်ခြားသူတွေကိုလိုက်နှိုးနေတုန်း

"ကျွန်တော့ကိုလာမထိနဲ့ အကို့ကိုနောက်ဆုံးသတိပေးချင်းပဲ ကျွန်တော့ကိုလာမပတ်သက်ပါနဲ့"

နေလင်း အော်ပြောတော့မှ အကုန်လုံးလဲ အသဲအသန်ထလာကြတယ် နေလင်းကတော့စိတ်ဆိုးပြီး အပြင်ကို အမြန်ထွက်သွားတယ် ရှိုင်းစစ်လဲ နေလင်းနောက်ကို အမှီလိုက်ကာ နေလင်းဒီထက်စိတ်မဆိုးအောင်နားချရတယ်

ကိုကိုနဲ့သာဆို~~~~❣️(Complete)Where stories live. Discover now