#unicode
"ခွန်းဆက်"
ဘုန်းရှန်ခေါ်တော့ ခွန်းဆက်လဲ လှည့်ကြည့်လိုက်တယ်
"ပြောလေ ဘုန်းရှန်"
"မင်းကိုမေးစရာရှိတယ်"
"အင်းမေးလေ"
"မင်း မင်း ရှိုင်းစစ်ကို အတည်တွဲမှာလား"
ခွန်းဆက် ခနမျှ တိတ်ဆိတ်သွားသည် ထို့နောက် ဘုန်းရှန်အား အနည်းငယ်ပြုံးပြကာ
"မတွဲဘူး ငါမနက်ဖြန်သူ့ကိုဖျက်မှာ"
"ဘာလို့လဲ မင်းသူ့ကိုချစ်နေတယ် မှတ်လား ငါသိတယ် မင်းအရင်က ဘယ်သူ့ကိုမှဂရုမစိုက်ဖူးဘူး အခုဒီကလေးကို ဆေးခန်းတောင်မင်းခေါ်ပြပေးတယ်လေ မင်းသူ့ကိုချစ်တာပဲ ဘာလို့လဲ ဘာလို့ဖျက်မှာလဲ"
"ဟင့်အင်း ငါသူ့ကိုမချစ်ဘူး ချစ်လဲမချစ်ချင်ဘူး သူ့ကိုဆက်မတွဲချင်ဘူး သူ့အပေါ်မှာ ဘာတွယ်တာမှုမှ မထားချင်ဘူး"
"မင်းနာကျင်ရတာတွေကို ငါနားလည်တယ် ဒါပေမယ့် မင်းမေ့ပစ်သင့်ပါပြီ ဘာအတွက်လဲ ဘာအတွက်အတိတ်ကို မင်းမမေ့ပစ်တာလဲ ပြီးတော့ မင်းရဲ့ ပိတ်လှောင်ထားတဲ့ခံစားချက်တွေကိုဖွင့်ဟသင့်ပြီ မင်းရဲ့ အလင်းရောင်တွေကို ပြန်ခေါ်ပေးမဲ့သူရှိနေပြီလေ မင်းသူ့လက်ကိုတွဲပြီး အမှောင်ထဲက ထွက်လာသင့်ပြီ"
"ဘုန်းရှန် မင်းက အဖွဲ့ထဲမှာ အတည်ငြိမ်ဆုံး သူတစ်ဖက်သားကိုနားအလည်တတ်ဆုံး ငါ့ကိုမင်းနားလည်မှာပါ ငါထပ်မချစ်ချင်တော့ဘူး ထပ်ပြီးလဲ မခံစားနိုင်တော့ဘူး မစွဲလမ်းတာပဲ ကောင်းပါတယ်ကွာ ငါ့စွဲလမ်းမှုက ငါ့ကို သေအောင်နာကျင်စေတယ်"
"မင်းတကယ်စဉ်းစားပြီးပြီလား တကယ်ကို ဆက်မတွဲတော့ဘူးလား "
"အင်း ငါဘယ်အရာကိုမှအစွဲအလမ်းမထားတော့ဘူး ပြီးတော့ ငါ့ရဲ့လက်စားချေတာက မပြီးသေးဘူး အဲ့အရှုပ်တွေထဲကို ရှိုင်းစစ်ဆိုတဲ့ကောင်လေးကို မပါစေချင်ဘူး သူက ရိုးတယ် ခလေးပဲရှိသေးတယ် ငါ့ရဲ့လုပ်ရက်တွေက ရှေ့ဆက်ပြီး သူ့အပေါ် ရက်စက်တာတွေပဲ ရှိလာမှာ အဲ့တော့ အခုဖျက်ထားတာ အကောင်းဆုံးပဲ"
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
