#unicode
အပြာရောင်မိုးသားတွေနဲ့အပြိုင် လှနေတဲ့သူလေး ပင်လယ်ပြာကြီးကိုနောက်ခံထားကာ လှချင်တိုင်းလှနေတဲ့သူလေး မျက်လုံးမခွာနိုင်လောက်အောင်ကိုငေးကြည့်နေမိတယ် သူလေးတဖြေးဖြေးချင်း ကိုယ့်အနားကိုရောက်လာတာတောင် သတိမထားမိလောက်အောင် ခလေးရဲ့ချစ်စရာပုံစံလေးမှာ နစ်မြောနေခဲ့တယ်
"ကိုကို့"
"ဟမ် အင်းပြော"
"ကိုကိုဘာဖြစ်နေတာလဲ ခလေးခေါ်နေတာကြာလှနေပြီ ပြန်လဲမထူးဘူး စိုက်ပဲကြည့်နေတာ ခလေးဘာဖြစ်နေလို့လဲဟင်"
သူ့ကိုယ်သူပြန်ကြည့်ကာပြောလာတဲ့ခလေးကြောင့် ခေါင်းလေးခါရင်းရယ်မိတယ်
"ကိုကို့ ဘာရယ်တာလဲလို့"
နှုတ်ခမ်းလေးထော်ကာမေးလာတဲ့ ခလေးလေးကို လက်ကနေဆွဲကာပေါင်ပေါ်မှာ ထိုင်စေလိုက်တယ် အနည်းငယ် ကိုယ့်ထက်မြင့်သွားတဲ့ ခလေးမျက်နှာလေးကို မော့ကြည့်ကာ
"ကိုယ်သဘောကျလို့ရယ်တာ"
"ဟင် ဘာကိုသဘောကျတာလဲ ဘယ်သူ့ကိုလဲ ခလေးခေါ်တာတောင်ပြန်မထူးနိုင်တာ ဘယ်သူ့အကြောင်းတွေးနေလို့လဲ"
မျက်မှောင်လေးကျုံ့ကာမေးလာတဲ့ ခလေးကိုစချင်လာတာကြောင့် ချောင်းလေးတစ်ချက်ဟက်လိုက်ပြီး
"ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက်ကိုလေ သူ့အကြောင်းတွေးနေတာ"
"......"
"သူကအရမ်းချစ်ဖို့ကောင်းတာ ခလေးလေးကျနေတာပဲ အသားလေးကလဲ ဖြူဖွေးနေတာပဲ လူကောင်လေးကလဲ သေးသေးလေး ဆွဲညှစ်ချင်စရာအကောင်ပေါက်လေးလေ"
"......."
တစ်ခွန်းမှပြန်မပြောဘဲ ကိုယ့်မျက်နှာကိုကြည့်ကာ နှုတ်ခမ်းလေးကိုက်ပြီး ရှုံ့မဲ့လာတဲ့ သူ့ရုပ်လေးကိုကြည့်ပြီး ထပ်မံရယ်မိပြန်သည်
"ပြီးတော့!!!"
"တော်ပြီ ကိုကိုမပြောနဲ့တော့"
ရင်ဘတ်ကိုလာထုကာ ကိုယ်ပေါ်ကနေချက်ချင်းထသွားတဲ့ သူလေးနောက်ကို အမြန်ပြေးလိုက်ပြီး ဘေးနားကနေယှဉ်လျှောက်လိုက်တယ်
YOU ARE READING
ကိုကိုနဲ့သာဆို~~~~❣️(Complete)
Romance#unicode ရှိုင်းစစ်~~~~ ~~~~~ ~~~~~ ကိုကိုကျေနပ်ရင် ရှိုင်းပျော်တယ် ~~~~~~~❣️ ကိုကိုနဲ့သာဆို ရှိုင်းဘဝကိုပေးစပ်ရဲတယ်❣️ ခွန်းဆက်နိုင်~~~~ ~~~~~ ~~~~~ ခလ...
